Thursday, September 27, 2012

မောက်မောက်လေးသိပ်ချစ်ရသောသူငယ်ချင်းလေးရဲ့မွေးနေ့အထိမ်းအမှတ်

မောက်မောက်လေးရဲ့ သူငယ်ချင်းအားလုံးကို မင်္ဂလာပါလို့
ဦးစွာပထမနှုတ်ခွန်းဆက်သပါတယ်ဗျာ
ဒီနေ့တော့ ကျွန်တော်သိပ်ချစ်ရသော သူငယ်ချင်းရဲ့
မွေးနေ့အကြိုအဖြစ်
ရုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်ဒီပိုစ့်လေးကိုရေးဖြစ်သွားတာပါ
ကျွန်တော်သူငယ်ချင်းတွေအားလုံး
ဒီလာမယ် စက်တင်ဘာလ(30)ရက်နေ့မှာကျရောက်မယ်
မောက်မောက်လေးသိပ်ချစ်ရသောသူငယ်ချင်းရဲ့
မွေးနေ့မှာ Happy Birthday ဖြစ်ပါစေလို့
ဆုတောင်းပေးရင်ကျေနပ်ပါပြီးဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ် မောက်မောက်လေး

Preview
အပေါ်ကပန်းစည်းလေးက ခခလေး အတွက်ပါ
ခခလေးတစ်ယောက်မွေးနေ့မှာ ထာဝရပျော်ရွှင်ပါစေလို့
ကျွန်တော်မောက်မောက်လေးက ဆုတောင်းပေးလိုက်ပါတယ်နော်
ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ရပြီးတော့
ဘဝတစ်လျှောက်လုံး အမြဲတမ်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့
လျှောက်လှမ်းနိုင်ပါစေလို့
အမြဲတမ်း ဆုတောင်းပေးနေမှာပါ

Preview
Happy Birthday ပါ ခခလေး
ပျော်ရွှင်သော နေ့ဖြစ်ပါစေနော် တစ်နှစ်မှာ တစ်ခါကျရောက်တဲ့
မွေးနေ့မှာ ထာဝရပျော်ရွှင်ပါစေနော်
စိတ်မချမ်းသာမှုအားလုံး ဒီမွေးနေ့
သင်ပုန်းချေလိုက်ပါ ခခလေးရာ
ပျော်ရွှင်ရသော နေ့တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ
မောက်မောက်လေး

Sunday, September 16, 2012

Hard Disk ကြည့် နည်း

Preview
ပုံတွင်ပြထားသည့်အတိုင်း Start ခလုတ်ကိုနှိပ်ပြီးတော့
ဝိုင်းပြထားသည့်နေမှာ Run ဆိုတဲ့ စာသားကို
နှိပ်လိုက်ရင်အောက်ကပုံအတိုင်း
ပေါ်လာမည်ဖြစ်ပါတယ်
 
Preview
Run Box လေးပေါ်လာပြီးဆိုရင် အပြာရောင်နဲ့
ဝိုင်းပြထားသည့်နေရာမှာ
diskmgmt.msc ဆိုတဲ့စာသားကို
ရိုက်ထည့်ပြီးရင်
Ok ပေးလိုက်ပါဗျာ ဒါဆို
အောက်ကပုံအတိုင်းပေါ်လာမယ်ဖြစ်ပါတယ်
Preview
ပုံတွင်ပြထားသည့်အတိုင်း လေးထောင့်ကွက်နဲ့
ပြထားသည့်ဟာက Hard Disk စုစုပေါင်းဖြစ်ပါတယ်
အောက်မှာပြထားတဲ့ဟာက Hard Disk (C) နဲ့ (D) ဖြစ်ပါတယ်
အကုန်လုံးစုစုပေါင်း ၃၀၀ နီးပါးရှိပါတယ်
အားလုံးအဆင်ပြေပါစေနော်

Saturday, September 15, 2012

ကွန်ပျူတာမြင်ကွင်းပေါ်ရှိ Icons ပုံများကို အရွယ်အစားပြောင်းလဲခြင်း

Preview
ပုံတွင်ပြထားသည့်အတိုင်း ကွန်ပျူတာ မြင်ကွင်းပေါ်ရှိ
လွှတ်နေတယ်နေရာကို Mouse နဲ့ Right Click
နှိပ်လိုက်ပါဗျာ
ပြီးရင် View ကို Mouse ဖြင့် ထောက်လိုက်ရင်
ပုံတွင်ပြထားသည့်အတိုင်း
Large icons ကအကြီးဖြစ်ပါတယ်
Medium icons ကအလတ်ဖြစ်ပါတယ်
Small icons ကအငယ်ဖြစ်ပါတယ်ဗျာ
မိမိစိတ်ကြိုက်
ကွန်ပျူတာမြင်ကွင်းပေါ်ရှိ Icons များ
ပြောင်းလဲနိုင်ပါတယ်ဗျာ.....
အခုမှ ကွန်ပျူတာ စကိုင်တဲ့သူအတွက်ရွယ်ရည်ပါဗျာ....

Friday, September 14, 2012

မြန်မာ Design Font များ

Preview
မင်္ဂလာပါဗျာ ဒီနေ့တော့ အထူးအဆန်းလေးပါ ဘယ်လဲဆိုတော့ မြန်မာ Design Font ပါ
ကြိုက်ကြမယ်လို့ ထင်ပါတယ် မြန်မာစာလုံးတွေကို ပုံစံအမျိုးမျိုး ဒီဇိုင်းမျိုးမျိုး ရေးလို့ရပါတယ်
သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်လည်း ဒေါင်းထားသင့်ပါတယ်
အခုတင်ထားပေးတဲ့ Design Font တွေကလည်း သူငယ်ချင်းတို့ တွေ့နေသည့်အတိုင်း
မဂ္ဂဇင်းတို့ ဂျာနယ်တို့နှင့် သတင်းစာတွေမှာ အသုံးများပါတယ် မြန်မာ Design Font က ကွန်ပျူတာ
တိုင်းမှာ မရှိမဖြစ် လိုအပ်မယ်လို့ထင်ပါတယ်
လိုချင်သူငယ်ချင်းတွေ အောက်မှာ Download 4 ခုနဲ့တင်ထားပေးပါ
အဆင်ပြေတဲ့ဟာနဲ့ဒေါင်းလိုက်ပါဗျာ
ဒေါင်းပြီးရင် Font ကို ဘယ်လို့ Install လုပ်ရမယ်ဆိုတာကို
အောက်မှာ ပုံနဲ့တကွ ရှင်းထားပါဗျာ.....

       download>>> mediafire.com (or) ziddu.com (or) Files.com (or) minus.com 

                            ဒေါင်းပြီးရင် WinRAR -ဖိုင်နဲ့ပါ အဲ့တော့ WinRAR-ဖိုင် အထုတ်ကို
                                         ဖွင့်လိုက်ပါ ပြီးရင်အောက်က ပုံအတိုင်း
                                              လုပ်ဆောင်လိုက်ပါဗျာ......

Preview
ပုံမှာ ပြထားသည့် ဖိုင်ကို နှစ်ချက်ဆက်တိုက်နှိပ်လိုက်ရင်
အောက်ကပုံအတိုင်းပေါ်လာမယ်ဖြစ်ပါတယ်
 
Preview
ပုံမှာ ပြထားသည့်အတိုင်း Install နေရာကို
နှစ်ချက်ဆက်တိုက်နှိပ်လိုက်ရင်
မိမိစက်ထဲရောက်သွားပါပြီး ရောက်သွားတဲ့ခါကြရင်
မိမိစက်ထဲ ဝင်လား မဝင်လား
သေချုာချင်ရင်
PhtoShop တို့ Microsoft Office
တို့မှာကြည့်နိုင်ပါဗျာ
                            လေးစားလျှက်မောက်မောက်လေး
 
Ziddu ဆိုဒ်မှ Download လုပ်နည်း

မင်္ဂလာပါဗျာ ဒီနေ့တော့ ကျွန်တော်ဆိုဒ်မှာ တင်ထားတဲ့ Download လင့်တွေကို ဒေါင်းလို့ လွယ်ကူစေရန် အသေးစိတ်ရှင်းပြထားပါတယ်ဗျာ Download လုပ်နည်းကတော့ တော်တော်များများသိကြပါတယ် ဒါပေမဲ့ အခုမှာ Internet စသုံးတဲ့သူတွေအတွက်တော့ ဘယ်နေရာမှာနှိပ်ပြီး ဒေါင်းရမှာကို ရုတ်တရက် နားမလည်းကြပါဘူး အဲတော့ Download လုပ်နည်းလေးကို ရေးဖြစ်သွားတာပါ သိတဲ့သူတွေလဲ ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်းချင်ပါတယ် ကဲမသိတဲ့သူတွေအောက်မှာပုံနဲ့တကွ ရှင်းပြထားပါတယ်...

Preview
Ziddu.com ကို Click တစ်ချက်နှိပ်ပြီးရင်
အောက်ကပုံအတိုင်းပေါ်လာမယ်
ဖြစ်ပါတယ်

ပုံတွင်ပြထားသည့ှ်SKLP AD ကိုနှိပ်လိုက်ရင်

အောက်ကပုံအတိုင်းပေါ်လာမယ်ဖြစ်ပ

Preview
Download ဆိုတဲ့ နေရာကိုနှိပ်ရင်
အောက်ကပုံအတိုင်းပြန်ပေါ်လာမယ်ဖြစ်ပါတယ်
 
Preview
ပုံမှ ပြထားသည့်အတိုင်း အကွက်လေးမှာ
စကားဖျက်ထည့်ပြီးရင်
Download ဆိုတဲ့နေရာကို
နှိပ်လိုက်ပါဗျာ
(မှတ်ချက်)
စကားဖျက်ထည့်မှားခဲ့မယ်ဆိုရင်
နောက်တစ်ခါပြန်ပေါ်လာမယ်ဖြစ်ပါတယ်
ပြန်ပေါ်လာရင်
ထုံစံအတိုင်းနောက်တစ်ခေါက်ပြန်ထည့်ပြီး
ပြန်နှိပ်ပါဗျာ
Download ဆိုတဲ့နေရာကို
နှိပ်လိုက်ပြီးရင်
Download တစ်ခါထဲကျလာလိမ့်မယ်ဗျာ
ကျလာတဲ့ခါကြရင်
ဒေါင်းလိုက်ယုံပဲပေါ့

minus.com မှ Download လုပ်နည်း

minus.com ကို Click တစ်ချက်နှိပ်လိုက်ပါဗျာ
နှိပ်ပြီးရင်အောက်ကပုံအတိုင်း
ပေါ်လာမယ်ဖြစ်ပါတယ်
 
Preview
အပေါ်မှာ ဝိုင်းပြထားသည့်အတိုင်း
8.6 MB ကိုနှိပ်လိုက်ပါ
အပေါ်မှာဘားတန်းလေး
တစ်ခုပွင့်ပြီး
အောက်ကပုံအတိုင်းကျလာလိမ့်မယ်ဗျာ
တကယ်လို့
Internet Download Manager
မထည့်ထားဘူးဆိုရင်
အောက်ကပုံတိုင်းပေါ်လာမယ်
မဟုတ်ပါဘူး
ရိုးရိုး Save Box ပဲပေါ်မယ်ဖြစ်ပါတယ်
 
Preview
အပေါ်ကပုံအတိုင်းပေါ်လာရင်
အလယ်က ဝိုင်းပြထားနေရာကို
နှိပ်လိုက်ရင်ရပါပြီးဗျာ
Okနော်

Files.com ဆိုဒ်မှ Download လုပ်နည်းများ

                                   Files.com ဆိုတဲ့နေရာကိုနှိပ်လိုက်ပြီးရင် အောက်
                                   ကပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်...............

Preview
Click to download တစ်ချက်နှိပ်လိုက်ရင်အောက်က
ပုံအတိုင်းပေါ်လာဖြစ်ပါတယ် ကျွန်တော်က Internet
Download Manager ကို Install လုပ်ထားတော့
အောက်ကပုံအတိုင်းပေါ်လာတာဖြစ်ပါတယ် အ
ကယ်၍ Install မလုပ်ထားဘူးဆိုရင်
ရိုးရိုး Save Box ပဲ ပေါ်မယ်ဖြစ်ပါတယ်
 
Preview
အပေါ်ကဘောက်မျိုးကျလာရင် ဝိုင်းပြထားတဲ့နေရာကို
နှိပ်လိုက်ပါဗျာ ဒါဆိုရပါပြီး
အဆင်ပြေပါစေ

Thursday, September 13, 2012

Mediafire ဆိုဒ်မှ Download လုပ်နည်း

မင်္ဂလာပါဗျာ ဒီနေ့တော့ ကျွန်တော်ဆိုဒ်မှာ တင်ထားတဲ့ Download လင့်တွေကို ဒေါင်းလို့ လွယ်ကူစေရန် အသေးစိတ်ရှင်းပြပါတယ်ဗျာ Download လုပ်နည်းကတော့ တော်တော်များများသိကြပါတယ် ဒါပေမဲ့ အခုမှာ Internet စသုံးတဲ့သူတွေအတွက်တော့ ဘယ်နေရာမှာနှိပ်ပြီး ဒေါင်းရမှာကို ရုတ်တရက် နားမလည်းကြပါဘူး အဲတော့ Download လုပ်နည်းလေးကို ရေးဖြစ်သွားတာပါ သိတဲ့သူတွေလဲ ခွင့်လွှတ်ကြပါလို့ ကြိုတင်တောင်းပန်းချင်ပါတယ် ကဲမသိတဲ့သူတွေအောက်မှာပုံနဲ့တကွ ရှင်းပြထားပါတယ်...
Preview
                              Mediafire.com ကို Click နှိပ်ပြီးရင်အောက်ကပုံအတိုင်း
                              ကြလာလိမ့်မယ်.....................................................

                               Preview
                              ကျွန်တော်ကနည်းနည်းဖြတ်တောက်ထားလို့ပါကျဉ်းသွားတာပါ
                              ကဲဟုတ်ပြီး Download (2.48) ကိုတွေ့ပြီးဆိုရင် အဲဒီနေရာကို
                              နှိပ်လဲရတယ်(သို့မဟုတ်)Download (2.48) နေရာကို mouse နဲ့
                              ထောက်ပြီး Right Click နှိပ်ပြီး Save  target as.....ကိုနှိပ်လဲရပါ
                              တယ်အဆင်ပြေသလိုပေါ့နော် နှိပ်လိုက်ပြီးတာနဲ့ ခဏနေ
                              ကြရင်အောက်ကပုံစံမျိုးပေါ်လာမှာဖြစ်ပါတယ်........

                                    Preview                                    အကယ်လို့မိမိစက်မှာ Internet Download manager တင်ထားရင်
                                    အပေါ်ကပုံစံအတိုင်းပေါ်လာမယ်ဖြစ်ပါတယ် မတင်ထားဆိုရင်
                                    ရိုးရိုးလေးပဲ ပေါ်မှာဖြစ်ပါတယ် အကယ်လို့ အပေါ်ကပုံအတိုင်း
                                     ပေါ်လာရင် အလယ်မှာ ဝိုင်းပြထားတဲ့ အကွက်လေးကို Click
                                    တစ်နှိပ်လိုက်ပါဗျာ ဒါဆိုရပါပြီး အဆင်ပြေပါစေ မောက်မောက်လေး    

Windows Vista တင်နည်း (မြန်မာလို)

Preview

မင်္ဂလာပါဗျာ ဒီနေ့လဲ စာအုပ်ပါပဲ Windowns Vista တင်နည်း စာအုပ်ကို လိုအပ်တဲ့ သူငယ်ချင်းတွေ ရှိရင်ရအောင်ဆိုပြီး တင်ပေးလိုက်ပါတယ်ဗျာ Windowns အကြောင်းကိုတစ်နည်းအားဖြင့်ပြောရရင် Windowns တင်တဲ့သူတိုင်းသိပါတယ် Windowns စတင်ပြီးဆိုရင် ပထမဦးဆုံး Windowns အခွေလို့အပ်ပါတယ် မိမိတင်မယ် Windowns အပေါ်မူတည်ပြီးတော့ ဥပမာ-Windowns-7 ဆိုရင် Windowns-7 အခွေလိုအပ်ပါတယ် Windowns-XP ဆိုရင် Windowns-XP ခွေပေါ့စသဖြင့်ပေါ့ နောက်
ပြီးတော့ Windowns တင်ပြီးရင် motherboard driver graphic Driver ပြန်တင်ပေးရန်အတွက် driver အခွေများရှိထားဖို့လည်းလိုပါတယ် အများအားဖြင့် ကွန်ပျူတာ ဝယ်ယူစဉ်က driver အခွေတစ်ခါထဲပေးတတ်ပါတယ် တကယ်၍ရှိနေမယ်ဆိုရင်လည်း ထိန်းသိမ်းထားဖို့လိုပါတယ် Windowns Vista အခွေရှိရင် ဒီစာအုပ်ကို ကြည့်ပြီးတော့ မိမိကိုယ်တိုင်း Windown တင်လို့ ရပါပြီးဗျာ အခွေရှိရင်တော့ စမ်းကြည့်ပေါ့ဗျာ အဆင်ပြေပါစေ မောက်မောက်လေး  File Size - 965.6 (KB)

            Download>>> mediafire.com (or) Files.com

Black @ White Photo to Colour Photo (မြန်မာလို)စာအုပ်

မင်္ဂလာပါဗျာ အခုတလော့ စာအုပ်တွေပဲ တင်ဖြစ်တာများပါတယ် အင်တာနက်ထဲမှာလဲ အရေးနဲ့အကြောင်းနဲ့ဆို ပြေးကြည့်စရာတွေဆိုလို့ ကျွန်တော်တို့လို့ Conncetion မကောင်းတဲ့သူတွေအတွက်တော့ စာတွေနဲ့စာအုပ်တွေပဲရှိပါတယ် အဲတော့ ကျွန်တော်တို့ Conncetion မကောင်းသူတွေဆိုတော့ ပြေးကြည့်ဖို့ YouTube တွေကလဲ ကွန်မကောင်းရင်အဆင်မပြေပါဘူး Video ဖိုင်တစ်ခုကို ဒေါင်းဖို့ဆိုတာလဲ Conncetion မကောင်းလျှင် ကြွားကြွားပြောရရင် 5နာရီလောက် စောင့်ရပါတယ် အဲဒါကြောင့် ကွန်မကောင်းသူတွေဆိုရင်တော့ စာအုပ်ဖတ်တာ အကောင်းဆုံးပါပဲ ဘယ်ပညာပဲဖြစ်ဖြစ် စာနဲ့ကင်းကွာတဲ့ ပညာဆိုလို့ ဘယ်ပညာမှ မရှိပါဘူး အဲတော့ စာဖတ်ခြင်းက အကောင်းဆုံးပါပဲ လို့ အနည်းငယ်ပြောချင်ပါတယ်ဗျာ အခုကျွန်တော်တင်ပေးတဲ့ စာအုပ်ထဲက အသုံးဝင်ပုံကတော့ အဖြူအမဲ ဓါတ်ပုံတစ်ပုံကို ဆေးရောင်ဓါတ်ပုံတစ်ပုံ အဖြစ်သို့ ပြောင်းနိုင်ပါတယ် File Size ကတော့ 2.48(MB) ပဲရှိပါတယ်ဗျာ......