Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, November 14, 2012

ကြံရည်၏ ကျန်းမာရေး အာနိသင်များ

 

 


ကြံပင်ဟာအဆစ်တွေ ပါပြီး ကြံ့ခိုင်တဲ့ အပင်ဖြစ်ပြီး အမြင့်အားဖြင့် ၂-၆ မီတာ လောက် မြင့်ပါတယ်။ ကြံရိုးက ရတဲ့ ကြံရည်ဟာ မရှိမဖြစ် အာဟာရဓာတ်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ ကြံရည်ဟာ စွမ်းအင်မြင့်မားစွာ ပါဝင်တဲ့

သဘာဝ အရည်ဖြစ်ပြီး သကြားထည့်ထားတဲ့ အရည်တွေအစား သောက်သုံးနိုင်ပါတယ်။


ကျန်းမာကြံ့ခိုင်စေပါတယ်

ကြံရိုးမှာ Glycemic Index နည်း တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင် စေပါတယ်။ ကြံရိုးမှာ ရိုးရိုးသကြားဓာတ် မပါဝင်တဲ့အတွက် ဆီးချိုရောဂါရှိသူတွေ သောက်သုံးနိုင်သော်လည်း ဆီးချိုရောဂါ ရှိသူတွေအနေနဲ့ တတ်နိုင်သမျှ ထိန်းချုပ် သောက်သုံးသင့်ပါတယ်။


အအေးမိတာနဲ့ တုပ်ကွေးတို့ မဖြစ် အောင် ကာကွယ်နိုင်ပါတယ်

ရေခဲမပါတဲ့ ကြံရည်ဟာ လည်ချောင်း နာတာ၊ အအေးမိတာနဲ့ တုပ်ကွေး ကွေး တာတို့ မဖြစ်အောင် ကာကွယ်နိုင်တယ် လို့ တချို့က ဆိုပါတယ်။


ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်

ကြံရည်ဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် ကင်ဆာ၊ အထူးသ ဖြင့် ဆီးကျိတ်နဲ့ ရင်သားကင်ဆာတို့မဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။


စွမ်းအင်ရရှိစေပါတယ်

ကြံရိုးဟာ ခန္ဓာကိုယ်ကို ဂလူးကို့စ် ဓာတ်ရရှိစေတာကြောင့် စွမ်းအင်လိုအပ် တဲ့ နေရာတွေမှာ ဂလိုင်ကိုဂျင်အဖြစ် သို လှောင်ထားပါတယ်။


ရေဓာတ် ပြည့်ဝစေပါတယ်

ပူပြင်းတဲ့ရာသီဒဏ်ခံရရင်ဒါမှမဟုတ်ကိုယ်လက်လှုပ်ရှားမှုကိုကြာကြာလုပ်ရင်ကံရည်ကို သောက်သင့်ပါတယ်။ ဒါကခန္ဓာကိုယ်ကိုရဓာတ်ပြည့်ဝစေပါတယ်။အထူးသဖြင့်ဆ်ာဒါလိုအချိုရည်တွေအစားကံရည်ကို သောက်
သင့် ပါတယ်။


ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ ကို သန်စွမ်းစေတယ်

ကြံရိုးဟာ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ မျက်စိ၊ ဦးနှောက်နဲ့ လိင်အင်္ဂါတွေ ကိုသန်စွမ်းစေတယ်လို့ တချို့က ယုံကြည် ကြပါတယ်။


ဆီး လမ်း ကြောင်း ကျန်း မာစေပါတယ်

ကြံရိုးဟာဆီးလမ်းကြောင်းကိုသန့်စင်စေပြီးကျာက်ကပ်တွေကိုလုပ်ငန်းဆောင်တာ ကောင်းကောင်းလုပ်နိုင်ဖို့ ကူညီပါတယ်။ကံရိုးဟာဂနိုဆီးပူ ညောင်း ကျရောဂါ၊ ဆီးကျိတ်ကြီးတာ၊ ဆီးအိတ် ရောင်တာတို့ကြောင့်ဖြစ်တဲ့ ဆီးသွားလို စိတ်များတဲ့ ဝေဒနာကို သက်သာစေပါ တယ်။


သက်လုံကောင်းစေပါတယ်

ကြံရိုးမှာ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို စွမ်းအင် ဖြည့်ပေးပြီး လန်းဆန်းစေပါတယ်။ ပင် ပန်းနေတဲ့ ကြွက်သားတွေကို စွမ်းအင် ချက်ချင်းပေးနိုင်ပြီး အားကစားသမား တွေမှာ သက်လုံကောင်းစေပါတယ်။


ဝမ်းမှန်မှန်သွား စေပါတယ်

ကြံရိုးမှာ ပိုတက်စီယမ်ပါဝင်မှု မြင့်မား တာကြောင့် အစာကြေညက်စေပြီး ဝမ်း နုတ်ဆေး အပျော့စားလို ထိထိရောက် ရောက် အသုံးဝင်ပါတယ်။

source>>> http://myawady.net.mm/mwdhealth/index.



ပြန်လည်ကောက်နှုတ်ဖော်ခြင်း

Thursday, November 1, 2012

မုန်လာဥနီ၏ ကျန်းမာရေး အကျိုးပြုပုံ


 
မုန်လာဥနီရဲ့ ကျန်းမာရေး အကျိုးပြုပုံကို စာဖတ်သူ အများစု သိရှိမယ်ထင်ပါတယ်။

၁၀၀ မီလီ ဂရမ် မုန်လာဥနီ တစ်တောင့် မှာ ပါဝင်တဲ့ ဓာတ်များကတော့

Vitamin A --93%
Vitamin C --12%
Vitamin D
Vitamin E
Vitamin K
9.4 mcg
Thiamin --3%
Riboflavin --3%
Niacin --8%
Vitamin B6 --8%
Folate--5% အစရှိသဖြင့်တို့ ဖြစ်ပါတယ်။

မုန်လာဥနီ ဖျော်ရည် ပုံမှန်သောက်သုံးခြင်း ဖြင့် အအေးမိ၊ ကြက်ငှက်တို့မှ ကူးဆက်ရောဂါ၊ အခြား ကူးဆက်ရောဂါ၊ ပိုးမွားဘက်တီးရီးယားတို့ကို ကူးဆက် မရောက်ရှိ လာအောင် ကိုယ်ခံအား ဖြည့်ဆည်း ကာကွယ်ပေးမှာ ဖြစ်ပါ တယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင် A, C နဲ့ စီလီကွန် ဓာတ်များဟာ အမြင် အာရုံကြောကို ပိုမို အားဖြည့်ပေးပြီး မျက်စိအားကောင်းလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

စပျစ်သီး၏ ကျန်းမာရေး အကျိုးပြုပုံ

 

စပျက်သီး က ပန်းနာ၊ နှလုံးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ အစာမကြေ၊ ပင်ပန်း၊ ကျောက်ကပ်နာ၊ ကင်ဆာ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝမ်းနှင့် ပက်သက်သော ရောဂါ တို့ကို ပျောက်ကင်းစေပါတယ်။

ပြီးတော့ စပျစ်သီးဟာ သဘာဝဖြေဆေး တစ်မျိုးလည်း ဖြစ်တယ် လို့ ဆေး ပညာ ရှင်များက ဆိုထားပါတယ်။

 
ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

ဆံပင်အတွက် ကြက်သွန်နီ

 
ကြက်သွန်နီကို ဆံပင်အရှည်မြန်ရန် နှင့် နက်မောင် သန်စွမ်းစေရန် အသုံးပြုနိုင်သည်။

ကြက်သွန်နီကို အပိုင်းပိုင်းလှီးပြီး ခေါင်းလျှော်ရေထဲကို စိမ်ထားရမည်။ 15 ရက်ကြာပါက ယင်းခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်မည် ဖြစ်သည်။ အနောက်တိုင်းတွင် ဆံပင်အရှည်မြန်ရန်နှင့် နက်မောင် သန်စွမ်းရန် ယင်း သဘာဝ နည်းလမ်းကို အသုံးပြုသူများ ရှိကြောင်း သိရသည်။


ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

ဂေါ်ဖီထုပ် (မုန်လာထုပ်) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

 
ဂေါ်ဖီထုပ် (မုန်လာထုပ်) (Cabbage) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိပါတယ်။
- ခန္ဓာကိုယ်တွင်း နေရာအများစုက အညစ်အကြေးတွေကို သန့်ရှင်း ပေးပါ တယ်။ ကိုယ်တွင်း ဗိုင်းရက်တွေကို နှိမ်နှင်းပေး တဲ့ ပိုးသတ်ဆေး တစ်မျိုး လည်း ဖြစ်ပါတယ်။

- ဝမ်းပုံမှန် မသွားသူများ စားသုံးသင့်ပြီး သွေးဖိအားများသူ များလည်း မှီဝဲသင့်တဲ့ ဟင်းအမယ်တစ်မျိုး ဖြစ်ပါတယ်။

- အဆီချ ပရိုဂရမ်မှာ ထည့်သွင်း စားသုံးသင့်တဲ့ အရွက် ဖြစ်ပါ တယ်။ ဂေါ်ဖီထုတ်က အဆီကျပြီး ပိန်စေတယ်လို့ ဆိုပါတယ်။

- ပန်းနာ၊ ရင်ကြပ်၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေး အစရှိတဲ့ အသက်ရှု လမ်းကြောင်းနဲ့ ပက်သက်တဲ့ ရောဂါအားလုံးကိုလည်း ပျောက်ကင်းစေ ပါတယ်။

- ချွေးထွက်များပြီး ရောဂါခဏခဏဖြစ်နေသူများလည်း ဂေါ်ဖီထုပ် မှီဝဲ သင့်ပါတယ်။

- ဗိုက်တာမင် A, B, C, E အစရှိတဲ့ ဓာတ်များ ပါဝင်ပါတယ်။

- ကယ်လ်ဆီယံ၊ ကလိုရင်း၊ အိုင်အိုဒင်း၊ အိုင်းရွန်း၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရက်စ်၊ ပိုတက်ဆီယမ်၊ ဆာလဖာ အစရှိတဲ့ သံဓာတ်/ Minerals များလည်း ပါဝင်တဲ့အတွက် ဂေါ်ဖီထုတ်/မုန်လာထုပ် ဟာ ပုံမှန် မှီဝဲ စားသုံးသင့်တဲ့ အစားအစာ ဖြစ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်း ထားပါတယ်။

ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင်



 

သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

ဆေးပညာရှင်များ ရှာဖွေတွေ့ရှိထားချက် ဖြစ်ပါတယ်။ အထူးသဖြင့် သရက်သီး၊ ပန်းသီး၊ ဇီးသီး၊ မက်မုံသီး၊ သလဲသီး၊ ချယ်ရီသီးတို့ရဲ့  အစေ့ များ ဖြစ်ပါတယ်။ အကြောင်းကတော့ ယင်း အသီးတွေရဲ့ အစေ့တွေ ထဲမှာ ဆိုင်ယာနိုက်လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ ယင်းအဆိပ်က သကြားဓာတ်ပါတဲ့ အသီး အတော်များများမှာ ရှိနေတတ် ပါတယ်။

ဆိုင်ယာနိုက်အမည်ရအဆိပ်ဆိုတာ ဓာတုဗေဒအခေါ်အရ ပရပ်စစ် အက်ဆစ် (HCN) ဖြစ်ပါတယ်။ ဂျပိုးသတ်ဆေး၊ ခြင်ယင်တားဆေး နှင့် အခြား ဘက်တီးရီးယား နှိပ်နှင်ရေးဆေးတို့မှာ ပါဝင်ပါတယ်။ ရွှေကိုလည်း အရည်ပျော်စေနိုင်ပြီး ရွှေသန့်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ အခြားသော သတ္တုတွင်းထွက်လုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။ ဓာတ်ခွဲခန်းမှ ထုတ်ယူရတဲ့ ဓာတုဆေးဖြစ်ပါတယ်။

သဘာဝအလျောက်လည်း ရှိတတ်ပါတယ်။ သစ်သီးဝလံ၊ မှိုပင်အချို့ တွေမှာ ရှိနေတတ်ပါတယ်။ သကြားဓာတ် (Sugar) မှာ မော်လီကျူးအနေနဲ့ ဓာတ်ဖွဲ့ နေတတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေရဲ့ အစေ့တွေထဲမှာ ရှိနေရခြင်း ဖြစ်ပါတယ်။

ကလေးငယ်များ ဇီးသီးအချဉ်၊ သရက်သီး၊ ပန်းသီး၊ မက်မုံသီး အစရှိသဖြင့်တို့ စားသုံးရာမှာ အစေ့မစားမိစေဖို့ အထူးသတိပေးထားရန် လိုအပ်ပါတယ်။ ယင်းအစေ့များဟာ ပါဝင်တဲ့အချိုးအစား အလိုက် လူကို အန္တရာယ်ပြုတတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်
 
ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

Sunday, May 13, 2012

ကြက်ဟင်းခါးသီးနှင့်ကျန်းမာရေး

 








ကျွန်တော်တို့ စားသုံးနေတဲ့ ဟင်းလျာထဲမှာ ပါဝင်တဲ့ ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပါတယ် ဆိုတာ စားသုံးသူတော်တော်များ များ သိကြပါတယ်. . ဘယ်လိုရောဂါမျိုးတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတာကို လေ့လာကြည့်တဲ့ အခါမှာကြက်ဟင်းခါးသီးဟာ အဓိကအားဖြင့် ရောဂါကြီးသုံးခုကို ကာကွယ်ကုသရာမှာ အထောက်အကူပြုပါတယ်..၁။ ဆီးချို သွေးချိုရောဂါ...............

၂။ HIV ရောဂါ
၃။ ခုခံအားစနစ်နှင့် ပက်သက်သော ရောဂါများ (Immunological Diseases) များကို ကုသရာမှာ ထိရောက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်. .

ဆီးချို၊သွေးချိုရောဂါအတွက် ကြက်ဟင်းခါးသီးမှာ ပါတဲ့ အခါးဓာတ်နဲ့ အဖန်ဓာတ်တွေဟာ သွေးထဲမှာရှိတဲ့ Glucose သကြားဓာတ်ကို ကျစေနိုင်တဲ့ သတ္တိရှိပါတယ်. . Glucose တွေဟာ သွေးထဲကို အများကြီးရောက်မလာလို့ ဆီးချိုသွေးချို ဝေဒနာတွေအတွက် အကျိုးရှိပါတယ်. ဒါကြောင့် ဆီးချို၊သွေးချိုသမားတွေဟာ ကြက်ဟင်းခါသီးကိုစားရင် များစွာ အကျိုးရှိပါတယ်. . .
ကြက်ဟင်းခါးသီးကို ဆေးဖက်ဝင်အောင်စားရင် အစိမ်းအတိုင်း ပါးပါးလှီးပြီး တို့စရာလို လုပ်စားမှသာ ရမှာ ဖြစ်ပါတယ်. .အပူပေးရင်လည်း ခဏတဖြုတ် အစိမ်းကြော် ကြော်သလိုမျိုး လုပ်မှ အာနိသင်ရမှာဖြစ်ပါတယ်. .
ဆီးချိုရောဂါဝေဒနာရှင်တွေက စားမယ်ဆိုရင်တော့ တစ်နေ့ကို ကြက်ဟင်းခါးသီး အနေတော် တစ်လုံးရဲ့ ¼ လောက် စားရင် လုံလောက်ပါတယ်.
HIV လူနာများကို Traditional Medicine အနေနဲ့ ကုသတဲ့ အခါမှာ ကြက်ဟင်းခါးသီးကို အဓိကအသုံးပြုနိုင်ပါတယ် ကြက်ဟင်းခါးသီးထဲမှာ ပါတဲ့ MAP 30 ဟာ HIV-1 ဗိုင်းရပ်စ်များကို မ၀င်နိုင်အောင် ဟန့်တားနိုင်တဲ့ အပြင် ကူးဆက်ပြီးသား ဆဲလ်တွေမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးပွားများ မှုကိုပါ ဟန့်တားနိုင်စွမ်းရှိပါတယ်.
ကြက်ဟင်းခါးသီးကို စားတဲ့ အခါမှာ အကြောတွေ တက်စေပါတယ်. . ကြက်ဟင်းခါးသီးရဲ့ အစေ့နဲ့ အစေ့ညာတိုင်တွေကို ဖယ်ပြီး အသားချည်းပဲ စားရင်တော့ တက်တာ Blood Pressure တက်တာမျိုး မဖြစ်နိုင်ပါ. . ကိုယ်ဝန်ဆောင်တွေကတော့ကြက်ဟင်းခါးသီးကို လုံးဝမစားသင့်ပါဘူး နည်းနည်းစားရင် ပြသာနာမရှိပေမယ့် များများစားရင် ကိုယ်ဝန်ပျက်ကျတတ်ပါတယ်. . .
လူတိုင်းရဲ့ ခန္ဓာကိုယ်မှာ Immune System လို့ခေါ်တဲ့ ခုခံအားစနစ်ရှိပါတယ်. . . အပြင်ကနေ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ ပစ္စည်းတွေရှိပါတယ်. . .ခုခံအားနဲက ပတ်သက်တဲ့ ရောဂါတွေလျော့ပါးစေဖို့လည်း ကြက်ဟင်းခါးသီးကို စားသုံးသင့်ပါတယ်. . . .

ဒေါက်တာခင်မောင်လွင်

ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစား(၁၀)မျိုး



အဟာရလည်းဖြစ်စေမယ်။ ကျန်းမာရေးအတွက် လည်း အကျိုးရှိစေမယ့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ ၁၀ မျိုး ဆိုတဲ့ ပိုစ့်လေးကို မေးလ်ထဲမှာတွေ့လို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အသီးအနှံ

သင့်ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။ ဒီအထဲက အကောင်းဆုံးနည်းဟာ အစားအစာစားပြီး သဘာဝအလျောက် အဆိပ် ဖယ်ရှားတဲ့ နည်းလမ်းမို့ ကိုယ်တွင်း အဆိပ်တွေ ဖယ်ရှားနိုင်တဲ့ အစားအစာတွေကို ဖော်ပြ ပေးလိုက်ပါတယ်။ အသီးအနှံတွေဟာ ..............
ဆန့်ကျင်ပစ္စည်း၊ အာဟာရဓာတ်နဲ့ အမျှင်တွေလည်း များစွာပါဝင်ကာ ဗီတာမင်စီလိုမျိုး ခန္ခာကိုယ်အတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်တွေလည်း အများအပြား ပါဝင်ပါတယ်
များသောအားဖြင့် အရည်ရွှမ်းတတ်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေ ဖယ်ရှားဖို့ ကူညီနိုင်ပါတယ်။ အသီးတွေဟာ အစာကြေလွယ်ပြီး ဓာတ်တိုး .


(၂) အစိမ်းရောင်အစာများ

ခန္ဓာကိုယ်မှ အဆိပ်တွေပြေဖို့ စိမ်းပြာရောင် ရေညှိ၊ ဘာလီ၊ ကိုက်လန်၊ ဟင်းနုနယ်နဲ့ အစိမ်းရောင် ဟင်းရွက်တွေ များများစားပါ။ အဲဒီအရွက်တွေမှာ အစာချက်နိုင်တဲ့ ကလိုရိုဖေးတွေ ပါဝင်လို့ပါ။ ကလိုရိုဖေးဟာ ပတ်ဝန်းကျင်မှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်နေတဲ့ မီးခိုးငွေ့၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ သန့်စင်ပစ္စည်းနဲ့ ဓာတုပစ္စည်း အစရှိတာတွေမှ ထွက်ရှိလာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်လို့ပါ။ ဒါ့အပြင် အသည်းမှ အဆိပ်ကိုလည်း ဖယ်ရှားနိုင်ပါတယ်။






(၃) ရှောက်သီး၊ လိမ္မော်သီးနှင့် သံပရာသီး



ဒီအချဉ်အရသာရှိတဲ့ အသီးတွေဟာ ခန္ဓာကိုယ်မှ အဆိပ်တွေ စွန့်ပစ်ဖို့ ကူညီနိုင်တဲ့အပြင် အသည်းမှ အဆိပ်ဖယ်ရှားတဲ့ ဖြစ်စဉ်ကိုလည်း ကူညီနိုင်ပါတယ်။ နေ့စဉ် မနက်အိပ်ရာထတိုင်း ရေနွေးတစ်ခွက်ထဲ ရှောက်ရည်ညှစ်ပြီး သောက်ပေးပါ။ ဗီတာမင်စီဟာ အဆိပ်ဖြေဖို့ အကောင်းဆုံး ဗီတာမင်ဖြစ်ပြီး အဆိပ်တွေကို အစာခြေနိုင်တဲ့ အင်ဇိုင်းအဖြစ် ပြောင်းလဲနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ





ကြက်သွန်ဖြူဟာ အသည်းမှ အဆိပ်ဖြေနိုင်တဲ့ အင်ဇိုင်းတွေ ထွက်လာအောင် လှုံ့ဆော်ပေးတာကြောင့် အစာခြေစနစ်အတွင်းမှ အဆိပ် အကြွင်းအကျန်တွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို အစိမ်းအတိုင်း ဒါမှမဟုတ် ဟင်းထဲထည့်ပြီး ချက်စားပါ။

(၅) အစိမ်းရောင် ပန်းဂေါ်ဖီ အညှောက်









ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်တာမို့ အစာခြေလမ်းကြောင်းမှ အဆိပ်ဖြေတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အညှောက်ဟာ အပွင့်ထက်ပိုပြီး ထိရောက်မှု ရှိပါတယ်။

(၆) လက်ဖက်ရည်ကြမ်း




ဓာတ်တိုးဆန့်ကျင် ပစ္စည်းအများအပြား ပါဝင်တာမို့ လက်ဖက်ရည်ကြမ်းဟာ ကိုယ်တွင်းစနစ်အတွင်းမှ အဆိပ်တွေ ဖယ်ရှားနိုင်ရုံမက သူ့မှာ ပါဝင်တဲ့ Catechins ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာလည်း ပိုကောင်းစေပါတယ်။

(၇) ပဲစေ့ အမျိုးမျိုး



အစာခြေရ လွယ်ကူပြီး အူနံရံအတွင်း အဆိပ်အကြွင်းအကျန်တွေကို စုပ်ယူနိုင်ပါတယ်။



(၈) ဟင်းသီးဟင်းရွက် အစိမ်းများ (Raw Vegetable)


ကြက်သွန်နီ၊ မုန်လာဥနီ၊ ကညွတ်၊ ဂေါ်ဖီထုပ်၊ အစိမ်းရောင် ပန်းဂေါ်ဖီ၊ ကိုက်လန်၊ မုန်ညင်း၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ နနွင်းနဲ့ ဟင်းမွှေးရွက်တွေကို မချက်ပြုတ်ဘဲ အစိမ်းတိုင်းစားရင် အသည်းမှ အဆိပ်သန့်စင်တဲ့ လုပ်ငန်းကို ကူညီနိုင်ပါတယ်။ အဲဒီအစာတွေမှာ ဆာလဖာနဲ့ ဂလူတာသီရုန်းတွေ များစွာ ပါဝင်ပါတယ်။ ဆာလဖာဟာ အသည်းမှ ဓာတုပစ္စည်း အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

(၉) အစေ့နှင့် အခွံမာသီးများ

ဖရုံစေ့၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ နှမ်းစေ့နဲ့ နေကြာစေ့တွေဟာ အစာကြေလွယ်ပြီး အဆိပ်တွေကို ဖယ်ရှားနိုင်ပါတယ်။ အဆိပ်ဖြေနေစဉ်အတွင်း အခွံမာသီးနဲ့ ပြုလုပ်တဲ့ ထောပတ် (ဥပမာ-မြေပဲ ထောပတ်) ကို ရှောင်ထားပါ။







(၁ဝ) အိုမီဂါ ၃ အဆီ








ထောပတ်သီး၊ သံလွင်ဆီ ဒါမှမဟုတ် ဂုန်လျှော်စေ့ဆီကို အဆိပ်ဖြေစဉ်မှာ အသုံးပြုပါ။ အူနံရံတွေကို ချောဆီဖြစ်စေကာ အဆိပ်တွေကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်မှ စွန့်ပစ်နိုင်လို့ပါ။



စားသင့်သော အစားစာတွေဖြစ်လို့ စာဖတ်သူတို့ အတွက် အကျိုးရှိမယ် ထင်ပါတယ်။

အာနိသင်ထက်မြက်သော လိမ္မော်သီး

 



လိမ္မော်အငယ်စားမျိုး၊ အခါးမျိုး-ဟူ၍ သုံးမျိုးရှိသည်။ ယခုအခါ ပျားလိမ္မော်ဟူ၍လည်း တွေ့ရသည်။

လိမ္မော်သီးကို မြန်မာ့အစားအစာ၏ အာဟာရဘက်ကကြည့်လျှင် လိမ္မော်သီဒးအလေးချိန်(၁၀၀)ဂရမ် (ခြောက်ကျပ်တမတ်သား)တွင် ကယ်လိုရီ(၄၁)၊ ပရိုတင်း(၀)ဒသမ(၇)ဂရမ်၊ အဆီဓာတ်(၀)ဒသမ(၂)ဂရမ်၊ ကစီဓာတ်(၁၀)ဒသမ(၂)ဂရမ်၊ ထုံးဓာတ်(၂၆)ဒသမ(၀)မီလီဂရမ်၊ သံဓာတ်(၀)ဒသမ(၂)မီလီဂရမ်၊ ဗီတာမင်အေအိုင်ယူ(၂၅၆)၊ ဗီတာမင်ဘီဝမ်း(၀)ဒသမ(၀၉)မီလီဂရမ်၊ ဗီတာမင်ဘီတူး(၀)ဒသမ(၀၄)မီလီဂရမ်၊ နိုင်ယာစင်(၀)ဒသမ(၄)မီလီဂရမ်၊ ဗီတာမင်စီ(၄၂)မီလီဂရမ်တို့ အသီးသီးပါဝင်ပါသည်။လိမ္မော်သည် အချိုမျိုး၊ ကမ္ဗလာ(ခေါ်) ..............

ထို့ပြင် လိမ္မော်သီး၌ ဖိုင်ဘာမျှင်၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်၊ ဆလမ်နီယမ်၊ ကယ်လိုရီ၊ ကယ်လဆီယမ်ဒာတ်တို့လည်း ပါရှိသည်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံး ပါဝင်သည်။ ဗီတာမင်စီသည် အနာကျင်မှုကို မြန်စေ၍ သံဓာတ်စုပ်ယူအား ကောင်းစေသည်။ ဗီတာမင်စီ ပါဝင်သော လိမ္မော်ရည်ကို သောက်ခြင်းအားဖြင့် အစာအိမ်၊ အစမျိုးပြွန်၊ ပါးစပ်၊ အူမကြီးကင်ဆာရောဂါ များကို ကာကွယ်နိုင်ပါသည်။ လိမ္မော်ရည်ကို တနေ့ အနည်းဆုံး နှစ်ဖန်ခွက်မှ အများဆုံး လေးဖန်ခွက်အထိ
သောက်လျှင် ကျောက်ကပ်ကျောက်တည်ခြင်းကို ဟန့်တားနိုင်သည်။


လိမ္မော်သီး၌ပါဝင်သော ကယ်လ်ဆီယမ်ဓာတ် (Calcium)သည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းမှုစနစ်အတွင်းရှိ အက်ဆစ်ပြင်း(Alkaline Mineral) တို့ကို ပျက်ပြယ်သွားစေနိုင်သည့် အဆိပ်ပြေဆေးတမျိုးဖြစ်သဖြင့် သွေးသစ်၊ သွေးသန့် တိုးပွားစေသည်။ ရုမတွိုက် ရိုးဆက်ရောင်ရမ်းနာ Rheumatoid Arthritis (ရူမတစ်ရောဂါနှင့် ဆင်သည့် ရောဂါလက္ခဏာများဖြစ်သော ရိုးဆက်ရောင်ရမ်းခြင်း)ကို ကာကွယ်နိုင်သည်။


လိမ္မော်သီး၌ ပါဝင်သည့် သကြားဓာတ်သည် သဘာဝအချိုဓာတ်ဖြစ်သည်။ ထို့ပြင် အသီး၌ပါဝင်သည့် အမျှင်များသည်လည်း သကြားစုပ်ယူမှုကို လျော့နည်းစေသောကြောင့် လိမ္မော်သီးစားသုံးခြင်းအားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက်နိုင်ပေ။ ထို့ကြောင့် လိမ္မော်သီးသည် ဆီးချို၊ သွေးချို၊ ခန္ဓာကိုယ်ဝဖြိုးသူများနှင့် သင့်လျော်သည်ဟု ဆိုသည်။ သို့သော် အချို့က သွေးချို၊ ဆီးချိုရှိသူများ လိမ္မော်သီး မစားသင့်ဟုဆိုသည်ကို တွေ့ရပြန်သည်။ မည်သို့ဖြစ်စေ တန်ဆေး လွန်ဘေး ဖြစ်ရကား သင့်တင့်မျှတစွာ စားလျှင် ဘေးဥပါဒ်ဖြစ်နိုင်မည်မဟုတ်ပေ။


အမှန်တော့ ကျန်းမာသန်စွမ်းသူများပင် လိမ္မော်သီးကို အလွန်အကျွံစားလျှင် အပူကန်လာပြီး အာခံတွင်းရောင်ရမ်းနာ၊ သွားဖုံးတဝိုက် ရောင်ရမ်းနာ၊ စသည်တို့ ဖြစ်တတ်သည်။ သို့ဖြစ်၍ လိမ္မော်သီးကို တနေ့တလုံးသာ စားသင့်သည်။ လိမ္မော်သီး တနေ့တလုံး (သို့) လိမ္မော်ရည် တနေ့တဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီးစားသကဲ့သို့ပင် အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည်။


လိမ္မော်သီးစားပြီးနောက် တနာရီအတွင်း နွားနို့မသောက်မိဖို့လည်း သတိပြုသင့်သည်။ အကြောင်းမှာ နွားနို့၌ ပါဝင်သည့် ပရိုတင်းများက တာရာရစ်အက်ဆစ်နှင့် ပေါင်းစပ်ပြီး ခဲသွားသောအခါ အစာကြေနိုင်မှု ခက်ခဲသွားနိုင်ကာ အစာထဲက အာဟာရစုပ်ယူမှုကိုပါ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။


ပင်လယ်စာစားသူများသည် လိမ္မော်သီးနှင့် တွဲဖက်၍ စားသင့်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်စာထဲမှ Histamine ဓာတ်များကြောင့် ခန္ဓာကိုယ်နှင့် နှုတ်ခမ်းတလျှောက်၌ အဖုအပိန့်များ ထွက်လာပြီး ယားယံတတ်သောကြောင့် ဖြစ်၏။ ယင်းကို လိမ္မော်သီး၌ပါဝင်သော Antibistmine ၏ သတ္တိက အကာအကွယ် ပေးနိုင်သည်။


လိမ္မော်ရည်ကလည်း အာနိသင်ရှိသည်။ ခံတွင်းကောင်း၍ အစာကြေစေသည်။ ဝမ်းမှန်စေသည်။ အားအင်ပြည့်ဖြိုးစေသည်။ သွေးအားကောင်း၍ သွေးကိုသန့်စေသည်။ သွားဖုံး သွေးယိုခြင်းကို ကာကွယ်နိုင်သည်။ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့၌လည်း ဆေးအဖြစ် အသုံးပြုနိုင်သည်။


လိမ္မော်ခွံအခြောက်ကလည်း လွှင့်ပစ်စရာမလို။ ယင်းသည် အော့အန်ခြင်းကို သက်သာပျောက်ကင်းစေနိုင် သည့်အပြင် ပုံမှန်မှီဝဲလျှင် သန်ကောင်ရောဂါကို ကာကွယ်နိုင်သည်။ လိမ္မော်ခွံအခြောက်ကို အစာကြေဆေး၊ ခ့တွင်းနဲ့ကောင်းဆေး၊ ဝမ်းပိတ်ဆေး၊ လေဆေး စသည်တို့ ဖော်စပ်ရာ၌လည်း အသုံးပြုကြသည်။


လိမ္မော်ခွံမှ ထုတ်ယူရရှိသည့် လိမ္မော်ဆီကလည်း အင်အားတိုးပွား၍ အစာကြေစေသည်။ လိမ္မော်ပွင့်မှ ထုတ်ယူရရှိသော အဆီကလည်း အမူးအမော်အတွက် အလွန်ကောင်းသည်။ လိမ္မော်ခွံ၌လည်း အနံ့သင်းသော Limonen ခေါ်လွှင့်ပျ့ဆီအပြင် ဂလူးကို့စ်ဆိုဒ်၊ တင်နင်ဓာတ် ပြာဓာတ်များ ပါရှိသည်။ လိမ္မော်ပွင့်၌လည်း Neroli ခေါ်ရနံ့သင်းဆီတမျိုး ပါဝင်သည်။ ယင်းကို နာမည်ကျော် အော်ဒီကလုံးရေမွှေးဖော်စပ်ရာ၌ ထည့်သွင်းအသုံးပြုကြသည်။


လိမ္မော်ခွံအောက်၌ ကပ်လျက်ရှိနေသည့် ဖော့သားအဖြူရောင်၌လည်း သက်စောင့်ဓာတ်နှင့် အခြားကင်ဆာရောဂါများကို တိုက်ဖျက်ပေးနိုင်သောဓာတ်များ ပါရှိသည်။ ထို့ပြင် အပြင်ခွံနှင့် အခံအတွင်းပိုင်း အဖြူရောင်အမျှင်များ၌ရှိသော Flavonoids နှင့် Polyphenols ဓာတ်များကလည်း သွေးပေါင်ချိန်နှင့်
သွေးတွင်းအဆီဓာတ်ကို လျော့စေသည်။ ယင်းသည် အရောင်ကျစေသည့် အာနိသင်ရှိသဖြင့် ရင်ကျပ်ရြေ၈ါအတွက် အကျိုးသက်ရောက်စေသည်။ ထို့ပြင် ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေ၍ ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားပေးပြီး အူမကြီးကင်ဆာကိုလည်း ကာကွယ်နိုင်သည်။ ထို့ကြောင့် လိမ္မော်သီးကိုစားလျှင် အမျှင်ပါ စားသင့်သည်။


ဂျပန်နိုင်ငံ သုတေသနပညာရှင်များ၏ လေ့လာချက်အရ လိမ္မော်သီးကို ပုံမှန်စားသုံးသူသည်
နှလုံးသွေးလွှတ်ကြောရောဂါ၊ သွေးတိုး၊ ဆီးချို၊ ဂေါက်နာရောဂါတို့ ဖြစ်ပွားမှုနည်းကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီးက ဆေးလိပ်နှင့် အရက်ကြောင့် အသည်းရောဂါဖြစ်ပွားသူများအတွက်လည်း အကျိုးပြုကြောင်းနှင့် အသည်းကင်ဆာ၊ အသည်းကြီးခြင်း၊ အသည်း၌ ဖြစ်သော ရောဂါများကိုလည်း ကာကွယ်ပေးကြောင်း တွေ့ရသည်။


အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါတက္ကသိုလ်မှ သုတေသီများ၏ လေ့လာချက်အရ လိမ္မော်သီးစားသုံးခြင်း အားဖြင့် သွေးလွှတ်ကြောများ၌ အနည်ထိုင်သော ကိုလက်စထရောအဆီ အဆုံးသတ်ပြောင်းလဲမသွားအောင် ကူညီကြောင်း တွေ့ရသည်။


အမေ၇ိကန်နိုင်ငံ စုတားပြည်နယ် ဆေးပညာဌာနမှ သုတေသီများ၏ လေ့လာချက်အရ ဆီးကျောက်တည်သူများ လိမ္မော်ရည်သောက်သုံးခြင်းအားဖြင့် နောက်တဖန် ဆီးကျောက်ပြန်မတည်စေရန် အထောက်အကူပြုကြောင်း တွေ့ရသည်။ ထို့ပြင် လိမ္မော်သီး၌ပါဝင်သော ဆစ်ထရက်အက်ဆစ်သည် ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားနိုင်ကြောင်း၊ လိမ္မော်ခွံ၌ ကပ်၍ပါလာသည့် လိမ္မော်သီးစေ့ (လိမ္မော်ခွံ ကလူးကို့စ်ဆိုက်)သည် ဆ့ချည်မျှင်သွေးကြောများ ပျော့ပျောင်း၍ ကြံ့ခိုင်သန်စွမ်းနိုင်ကြောင်း၊ သွေးတိုးနှုန်း ကျဆင်းစေသည့် နှလုံးပတ်သွေးလွှတ်ကြောကိုလည်း ကျယ်စေကြောင်း၊ လိမ္မော်သီးအမြွှာ၌ ရှိသည့်အမျှင်သည် အာဟာရဖိုင်ဘာမျှင်ဖြစ်၍ ပက်တင်း(Peca Tin)ဟုခေါ်သော သစ်သီးအစေး ပါဝင်သဖြင့် ဝမ်းမှန်စေကြောင်း၊ သွေးတွင်းအဆီကိုလည်း ကျစေကြောင်း တွေ့ရသည်။


မြန်မာ့ဆေးကျမ်းများ၌လည်း လိမ္မော်ပင်၊လိမ္မော်သီးတို့၏ အသုံးများကို တွေ့ရသည်။
* ဆံရင်းအစပ်တွင် ယားနာပေါက်သူများ လိမ္မော်ရွက်ကိုထုထောင်း၍ ပျားရည်နှင့်စပ်ပြီး ယားနာနေရာ၌ အုံပေးလျှင် သက်သာပျောက်ကင်းစေသည်။
* သွေးလေညီညွတ်၍ စိတ်ရွှင်လန်းစေရန်အတွက် လိမ္မော်ရွက် ၅၀-ခန့်ကို ဝိုင်နှင့်ဖြစ်စေ၊ ခေါင်ရည်နှင့်ဖြစ်စေ
နေ့တဝက်စိမ်ပြီးနောက် ယင်းအရွက်များကို ပျားရည်(၅))ကျပ်သားထည့်ထားသောအိုးထဲသို့ ပြောင်းထဲ့ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာအောင် ကျိုပါ။ ထိုပနောက် တနေ့နှစ်ကြိမ် တခါသောက် လက်ထက်ရည်ဇွန်းတဇွန်းခန့် သောက်ပါ။
* ချောင်းဆိုးသူများ လိမ္မော်ရည်တဖန်ခွက်ကို လိမ္မော်ရွက် လေးငါးရွက်ခန့်နှင့် ဆူအောင်ကျိုပြီးနောက် မီးဖိုမှ ချ၍ ငါးမိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် အရွက်များကို ဖယ်ရှား၍ ပူပူနွေးနွေးအရည်ကို တနေ့ သုံးကြိမ် သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* အကြောအားနည်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်အခြောက်ကို တနေ့နှစ်ကြိမ် မှန်မှန် စားလျှင် အကြောအားကောင်း၍ မှတ်ဉာဏ်တိုးစေနိုင်သည်။
* ကလေးငယ်များ သူငယ်နာ အကြောတက်၊ အကြောဆွဲခြင်းများ ဖြစ်နေပါက လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေသုံးပိဿာ၌ တညစိမ်၊ နောက်တနေ့နံနက်၌ ပေါင်းအိုးဖြင့်ပေါင်း၍
ပေါင်းခံရည်စုထားပြီး ၄င်းကို တခါသောက် ထမင်းစားဇွန်း(၅)ဇွန်းမှ (၁၀)ဇွန်းခန့်အထိ နေ့စဉ်တိုက်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍ နှုတ်မြိန်စေသည်။ ယင်းသည် လေနာ၊ လေချုပ်၊ လေဆန်နာများကို အကျိုးပြုသည်။
* မျက်နှာဝ၌ ဝက်ခြံထူထပ်သဖြင့် အသားအရေ မချောမမွေ့ဖြစ်နေသူများ သနပ်ခါးရည်ကျဲကျဲထဲသို့ ဆားအနည်းငယ်ထည့်၊ လတ်ဆတ်သော လိမ္မော်သီးခွံကို ချိုးညှစ်၍ ထွက်လာသောချွေးရည်နှင့်ရောပြီး ၄င်းကို အိပ်ရာဝင်ချိန်တွင် မျက်နှာ၌လိမ်းလျှင် အသားအရေ ချောမွေ့လာစေနိုင်သည်။
* ရာသီဥတု အကူးအပြောင်း၌ ဖြစ်တတ်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းတို့အတွက် လိမ္မော်ရည် တဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ။ ထို့နောက် ၄င်းကို တနေ့သုံးကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* ဝမ်းမှန်၍ စားသောက်ကောင်းစေရန်အတွက် လိမ္မော်ရည် တဖန်ခွက်(၂၅၀)စီစီကို မီးနွေးနွေးဖြင့်ပြ၍ ဆားပုပ်၊ ငရုတ်ကောင်းစေ့ခန့်နှင့် ချင်းခြောက်မှုန့် ဇွန်းငယ်တဇွန်းခန့်ထည့်ပြီး အအေးခံသောက်လျှင် သုံးလေးရက်သောက်ရုံဖြင့် ဝမ်းမှန်၍ စားသောက်ကောင်းလာစေနိုင်သည်။
* ကလေးများ သွေးအားနည်း၊ အကြောအားနည်း၊ အရိုးပျော့၊ ဝမ်းပျက်ခြင်းတို့ဖြစ်ပါက လိမ္မော်ရည်ကို ရေကျက်အေးနှင့် ဆတူရော၍ တိုက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* နှင်းခူနာဖြစ်သူများ လိမ္မော်ခွံကိုထုခြေ၍ အနာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။
* မျက်နှာ၊ ခြေ, လက်တို့တွင် အဖြူ၊ အနီ၊ အနက် စသောအကွက်များ ထွက်ပါက လိမ္မော်ခွံကို နေရိပ်၌ ခြောက်သွေ့အောင်လှန်း၊ အမှုန့်ထောင်း၍ ရေနှင့်စပ်ပြီး ၄င်းကို အကွက်များပေါ်၌ တနေ့သုံးကြိမ် ခပ်ထူထူလိမ်းလျှင် ပျောက်ကင်းစေနိုင်သည်။
* ဝမ်းလျှောဝမ်းပျက်သူများ လိမ္မော်ခွံအမှုန့်နှင့် စပျစ်စေ့အမှုန့်ကို ဆတူရော၍ တနေ့သုံးကြိမ် တခါသောက် ဇွန်းငယ်တဇွန်းခန့်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
* အရေပြားနှင့် ခြေသည်း, လက်သည်းများပေါ်၌ ပွေးပေါက်ပါက လိမ္မော်ခွံအစိုကို ညက်အောင်ထောင်း၍ ပွေးကွက်ကို လိမ္မော်ခွံဖြင့် ဖြည်းညင်းစွာခြစ်ပြီးနောက် ထောင်းထားသော လိမ္မော်ခွံဖြင့် အုံပေးပါ။ ဆေးအသစ်လဲတိုင်း ပွေးကွက်ကို လိမ္မော်ခွံဖြင့် အသာအယာခြစ်ပေးခြင်းအားဖြင့် ပွေးကွက် တဖြည်းဖြည်းကျဉ်းပြီး ပျောက်ကင်းသွားစေနိုင်သည်။
* အသားပပ်၊ အသားကြမ်း၊ ညှင်းပေါက်သူများ လိမ္မော်ခွံကိုညှစ်၍ ရသော ချွေးဖြင့် လိမ်းပေးနိုင်သည်။
* တင်းတိပ်ပေါက်သူများ လိမ္မော်ခွံကို မီးဖြင့်နွှေး၍ ချွေးကိုညှစ်ပြီး ၄င်းချွေးဖြင့် တင်းတိပ်ပေါက်သော နေရာ၌ ပွတ်ပေးလျှင် သက်သာပျောက်ကင်းစေနိုင်သည်။
* လေထိုး လေအောင်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တခွက်တင်ကျို၍ တနေ့နှစ်ကြိမ် ချင့်ချိန်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။ ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များလည်း ကျစေနိုင်သည်။


လိမ္မော်သီးနှင့်ပတ်သက်၍ ဥတုဘောဇနသင်္ဂဟကျမ်း၌ လိမ္မော်သီးသည် မွှေးသောရနံ့ရှိ၏။ ချို၏၊ စဉ်းငယ်ချဉ်၏၊ နှုတ်ကို မြိန်စေ၏၊သလိပ်ကို နိုင်၏၊ နှလုံးကို နှစ်သက်စေတတ်၏ဟု၎င်း၊
ဒဗ္ဗဂုဏပကာသနီကျမ်း၌ လိမ္မော်သီးသည် လေကိုနိုင်၏။ နှလုံးကို ကြည်လင်စေတတ်၏။ အော့အန်နာကို ပျောက်စေ၏ဟု၎င်း။
ဇီဝိတဝဍ္ဎနကျမ်း၌ အချိုများသော လိမ္မော်သီးကို ဆားအနည်းငယ်နှင့်တို့၍စားလျှင် သလိပ်ရွှင်၍ ဆီးများစေသည်။ အချိုများသော လိမ္မော်သီးသည် သလိပ်ကပ်၊ ချောင်းဆိုး၍ ကိုယ်ပူစေတတ်သည်ဟု၎င်း။
သဘာဝဓမ္မအလင်းပြ ကျမ်း၌ လိမ္မော်သီးသည် အကြောင်းဥဏှငြိမ်းစေသော သီတတေဇောဓာတ်စာ၊ အေး၊ ချဉ်၊ သီတ၊ အာကာသဓာတ်စာ၊ အရသာချို,ချဉ် အကျိုးသွား ဆီးများ၊ လေသက်ဟု၎င်း။
ဓတာသြသဓရာသီကျမ်း၌ လိမ္မော်သီးသည် အအေးအာပေါ၊ အသက်ဟုဟု၎င်း ပြဆိုထားသည်။


ချုပ်၍ဆိုရသော် လိမ္မော်ပင်၊ လိမ္မော်သီးသည် လူတို့ကျန်းမာသက်ရှည်ရေးအတွက် အာနိသင်ထက်မြက်သော သဘာဝဆေးတခွက်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။


စေတနာလှိုင် (ရေစကြို)

သင့်စားသော အစားအသောက်ထဲ အသီးအနှံပါဝင်စေမည် နည်းလမ်းလေးသွယ်





ဗီတာမင်စီအပါအဝင် သင့်ခန္ဓာကိုယ်က လိုအပ်နေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အသီးအနှံတွေကသာ ရရှိမယ်ဆိုရင် အခုထက်ပိုပြီး သင်ကျန်းမာလာမှာပါ။ ဒါကြောင့် သင်စားနေတဲ့ အစားအသောက်တွေထဲ အသီးအနှံပါဝင်အောင် စားနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ချဉ်သောအသီးကို အရည်ညှစ်ထည့်ပါ...........
အသီးတွေဟာ အစားအစာရဲ့ အာနိသင်ကို အဆင့်မြှင့်ပေးနိုင်ကြောင်း လတ်တလော လေ့လာမှုတချို့က ဆိုပါတယ်။ ဆင်းဒဝှစ်ရှ်ကနေ ခေါက်ဆွဲသုပ်ထဲအထိ သံပရာသီး ဒါမှမဟုတ် ရှောက်သီး ညှစ်ထည့်နိုင်ပါတယ်။




လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီးနဲ့ စပျစ်သီးတွေဟာ ဗီတာမင်စီကြွယ်ဝရုံသာမက အမျှင်ဓာတ်များစွာ လည်း ပါဝင်နေပါတယ်။ အရွယ်အစားကြီးတဲ့ လိမ္မော်သီးတစ်လုံးမှာ အမျှင်ဓာတ်ငါးဂရမ် ပါဝင်ပါတယ်။ အိမ်မှာ ဟင်းရွက်သုပ်တဲ့အခါ သံပရာသီးနဲ့ ရှောက်သီးကို အရည်ညှစ်ထည့်ပါ။ သံပရာသီးနဲ့ ရှောက်သီးလို အချဉ်ဓာတ်ရှိတဲ့

၂။ လွယ်အိတ်ထဲ ပန်းသီးထည့်ပါ



ဘယ်သွားသွား သင်သွားလေရာ သင့်ပခုံးထက်မှာပါမယ့် အိတ်ထဲမှာ ပန်းသီးထည့်ထားပါ။ တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဖရဲသီးကို သရေစာအဖြစ်စားပါ၊



ထမင်းတစ်နပ်နဲ့ တစ်နပ်ကြား သရေစာစားချင်ရင် ဖရဲသီးကို ရွေးပါ။ ဗီတာမင်စီပါဝင်တဲ့အပြင် သကြားအများအပြားမပါဘဲ သဘာဝအတိုင်း အချိုဓာတ် ပါတဲ့အတွက် စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းနိုင်ပါတယ်။ အခမ်းအနားပွဲတွေ တက်တဲ့အခါမှာလည်း အဆီများတဲ့ မုန့်တွေအစား ဖရဲသီးစိတ်ကို များများရွေး စားပါ။ ဖရဲသီးတစ်ခွက်စာ ပမာဏမှာ ဗီတာမင်အေလည်း ပါဝင်တဲ့အတွက် ဆီးချိုရောဂါသည်တွေမှာ အဖြစ်များတဲ့ ကျောက်ကပ်နဲ့ မျက်စိအမြင်လွှာ ပြဿနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

၎။ ရေခဲသေတ္တာထဲ ဘယ်ရီသီးထည့်ထားပါ



ရေဆာလို့ပဲဖြစ်ဖြစ် ရေခဲသေတ္တာကို ဖွင့်လိုက်တဲ့အခါတိုင်း သင်ရဲ့အရသာခံအာရုံမှာ သကြားလုံးလို ချိုမြိန်သွားစေမယ့် ဘယ်ရီသီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးပါ။ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးစတဲ့ ဘယ်ရီသီးတွေမှာ ဖရက်တို့စ်ဆိုတဲ့ သဘာဝသကြားဓာတ်ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်း ပါတယ်။ ဒါ့အပြင် ဘယ်ရီသီးမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် အစာခြေလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

အလှပြင် ပစ္စည်းများသုံးစရာမလိုပဲသင့်ကိုလှပစေမယ်အစားအသောက် (၇)မျိုး

အသားအရေလှပဖို့ အဓိက လိုအပ်တာက တန်ဖိုးကြီး အလှပြင် ပစ္စည်းတွေ မဟုတ်ပါဘူး။ အပ်ါယံ အရေပြားကို ခဏတာ လှပစေတာထက် ခန္ဓာကိုယ်တွင်းမှာ ရောဂါ ကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့ အလှကို ပိုင်ဆိုင်လိုတာ လူတိုင်း ဆန္ဒ ဖြစ်ပါလိမ့်မယ်။ တန်ဖိုးကြီး အလှပြင် ပစ္စည်းတွေ အသုံးပြုစရာ မလိုဘဲ သင်စားသောက်တဲ့ အစားအသောက်ပုံစံ ပြုပြင်လိုက်ရုံနဲ့ သင်ရဲ့အလှတရားကို ပြီးပြည့်စုံ စေပါတယ်။ ဘယ်လို အစားအသောက် တွေကို စားပေးသင့်တယ်ဆိုတာ သင်သိစေဖို့ ရေးသား လိုက်ပါတယ်...........


ချင်း


အလှကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ လက်စွဲ ကုန်ကြမ်း တစ်ခုက ချင်းပါ။ ချင်းက အရေပြားမှာ အစိုဓာတ် ထိန်းပေးရုံသာမကဘဲ ပိုးသေစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် အရေးကြောင်းတွေ မဖြစ်အောင် စွမ်းဆောင် ပေးနိုင်ပါတယ်။ မျက်နှာသစ် ဆပ်ပြာတွေမှာ ချင်းကို ထည့်သွင်း အသုံးပြုကြပါတယ်။

ပန်းသီး

တစ်နေ့ တစ်လုံး စားပေးပါက အသက်အရွယ် အိုမင်းမှုနဲ့ အစက်အပြောက်တွေကို တွန်းလှန် ဖယ်ရှားနိုင်ပါတယ်။ပန်းသီးဟာ ကယ်လိုရီ နည်းပါးပြီး အမျှင်ဓာတ်ကြွယ်ဝ ပါတယ်။ ဒါ့အပြင် ပန်းသီးထဲမှာ ပါတဲ့ Quercetin က အရေပြားကို ကြည်လင် ဝင်းပစေပါတယ်။ Quercetin က အရေပြား ဆဲလ်တွေ ဓာတ်တိုးခြင်းနဲ့ အရောင်ပြောင်းလဲခြင်းတွေကို ကာကွယ် ပေးနိုင်ပါတယ်။ Quercetin ပါတဲ့ အလှပြင်ပစ္စည်း တော်တော်များများ ထုတ်လုပ် လာကြပေမယ့် သဘာဝကရတဲ့ ပန်းသီးကို စားသုံး ပေးတာက အသင့်တော်ဆုံးပါ။

ဆန်လုံးညို

ဗီတာမင်အီးနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ ဆန်လုံးညိုက သင့်အရေပြားကို ကျန်းမာစေပြီး သင့်အလှအပအတွက် အထောက်အကူပြုတဲ့ အစားအစာ တစ်ခုပါ။ အရေပြားမှာ ရေဓာတ်ကို ထိန်းသိမ်း ပေးတာကြောင့် အသားအရေ စိုပြည် လှပစေပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်တွေမှာ ရေဓာတ်ကို ထိန်းပေးထားတာကြောင့် သင်ရောက်ရှိနေတဲ့ အသက်ထက် အသားအရေကို ပိုမို ဝင်းပ နုပျိုစေပါတယ်။

ဘရာဇီးဘယ်ရီသီး


အင်တီအောက်ဆီးဒင့် ဓာတ်တွေ ကြွယ်ဝတဲ့ ဘရာဇီး ဘယ်ရီသီးက ကင်ဆာရောဂါကို တွန်းလှန် တိုက်ထုတ်နိုင်တဲ့ အာနိသင်ရှိတဲ့အပြင် အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ တစ်သျှူးမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကော်လာဂျင်တွေကို ဖြစ်ပေါ်စေတာကြောင့် အသက်အရွယ်ကြီးတဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ အရေးကြောင်းတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

မုန့်ညှင်းနီဥ

မုန်ညှင်းနီဥထဲမှာ ဇင့်ဓာတ်နဲ့ ဗီတာမင်စီဓာတ် ကြွယ်ဝပါတယ်။ အရေပြားရဲ့ကျုံ့နိုင် ဆန့်နိုင်တဲ့ တစ်သျှူးမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ ကော်လာဂျင်တွေ ဖြစ်ပေါ်ဖို့ အားပေးတာကြောင့် အသားအရေကို တင်းရင်း လှပ စေပါတယ်။ ဒါ့အပြင် မုန်ညှင်းနီဥက ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကိုလည်း တိုးပွား စေပါတယ်။

ဒိန်ချဉ်

ပရိုတင်းနဲ့ ကယ်လ်စီယမ်ဓာတ် အပြည့်အဝ ပါဝင်တဲ့ ဒိန်ချဉ်က အရေပြားအတွက် သာမက အစာအိမ်အတွက်ပါ များစွာ အကျိုးပြုပါတယ်။ ဒိန်ချဉ်မှာ ပါဝင်တဲ့ လက်တစ်အက်စစ် (Lactic acid) က ဆဲလ်သေတွေကို ဖယ်ရှား ရှင်းလင်းပေးပြီး ကော်လာဂျင်နဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ တစ်သျှူးမှာ ပါဝင်တဲ့ ပရိုတင်းတွေကို တိုးပွား စေပါတယ်။ ဒါ့အပြင် အရေပြားမှာ အစိုဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တာကြောင့် အသားအရေခြောက်သွေ့ကြမ်းတမ်းတာကို ကာကွယ်ပေးနိုင်ပါတယ်။

အုန်းသီး

လက်ဆေးဆပ်ပြာ၊ မျက်နှာသစ်ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေမှာ အများဆုံး ထည့်သွင်းအသုံးပြုတဲ့ ကုန်ကြမ်းတစ်မျိုးပါ။ အရေပြား အစိုဓာတ်ကို ထိန်းပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ခရမ်းချဉ်သီးရဲ့အသုံးဝင်ပုံ



ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်.
. . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက
ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်


* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..


* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့
ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ်
အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်.
. .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း
ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ
သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး
အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

ဆီးချိုနှင့်နှလုံးရောဂါအတွက်ဓါတ်စာနှင့်လက်ထက်ခြင်းနှင့်အကျိုးကျေးဇူးများ


 
 
ဆီးချို နှင့် နှလုံးရောဂါ ကာကွယ်လိုသူများအတွက် အစွမ်းလည်းထက် အရသာလည်းရှိသော ဓာတ်စာတစ်ခု
လက်ထပ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူး လေးသွယ်

ဆီးချို နှင့် နှလုံးရောဂါ ကာကွယ်လိုသူများအတွက် အစွမ်းလည်းထက် အရသာလည်းရှိသော ဓာတ်စာတစ်ခု

လက်ထပ်ခြင်းကြောင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူး လေးသွယ်..............


၁။ ဆီးချို၊ သွေးချိုရောဂါကို ထိန်းချုပ်နိုင်ပါတယ်။
ပုံမှန်ထက် သွေးတွင်းဂလူးကို့စ် ပမာဏပိုများတဲ့ အမျိုးသမီးတွေဟာ လက်ထပ်ပြီးချိန်မှာ ပုံမှန်ပမာဏအတိုင်း ရှိနေတတ်ကြကြောင်း ဆီးချိုသွေးချိုရောဂါ စောင့်ရှောက်မှုဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်


၂။ သွေးဖိအားဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အတိုင်းအတာမှာ ရှိနေပါတယ်။
ဘရိုင်ဟမ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ ပျော်ရွှင်တဲ့ ဇနီးမောင်နှံတွေဟာ သွေးဖိအား ပမာဏကို ကောင်းမွန်စွာ ထိန်းနိုင်ပြီး ပျော်ရွှင်မှုဆိတ်သုန်းတဲ့ စုံတွဲတွေကတော့ သွေးတိုးရောဂါ ရနိုင်ခြေများတာကို တွေ့ရပါတယ်။ ဒါကြောင့် လေ့လာမှုခေါင်းဆောင် ဒေါက်တာဒိုမာက “အဆင်မပြေတဲ့ စုံတွဲတွေကို လမ်းခွဲလိုက်ကြဖို့ အကြံပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ကိုယ်တည်းနေတာထက် အဆင်မပြေတဲ့ အိမ်ထောင်ရေးက ကျန်းမာရေးကို ပိုဆိုးစေတာကြောင့်ပါ” လို့ ဆိုပါတယ်။

၃။ ဆေးလိပ်နဲ့ အရက်ကို အလွန်အကျွံ မသောက်ဖြစ်ပါ။
ပျော်ရွှင်တဲ့ မိသားစုရှိသူတွေဟာ ဆေးလိပ်နဲ့အရက်ကို ဘယ်တော့မှ အလွန်အကျွံ မသောက်ဖြစ်ကြပေမယ့် တစ်ခုလပ် ဒါမှမဟုတ် မုဆိုးဖိုတွေကတော့ လူပျိုကြီးတွေထက် ဆေးလိပ်နဲ့အရက်ကို ပိုသောက်ဖြစ်တတ်ကြပါတယ်။

၎။ အရွယ်မတိုင်ခင် စောစောသေဆုံးနိုင်ခြေ နည်းပါတယ်။
ယေဘုယျအားဖြင့် တစ်ကိုယ်တည်းနေသူတွေဟာ အိမ်ထောင်သည်တွေထက် စောစောစီးစီး သေဆုံးနိုင်ခြေ ၅၈ ရာခိုင်နှုန်း ပိုများကြောင်း ပတ်ဝန်းကျင် ကျန်းမာရေးဂျာနယ်ရဲ့ လေ့လာမှုတစ်ခုက ဆိုပါတယ်။


Almond ဟုခေါ်သော အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ လျှော့ချနိုင်ကြောင်း အမေရိကန် သုတေသီများ၏ နောက်ဆုံး သုတေသနရလဒ် တစ်ခုအရ တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။ Almond ခေါ် အခွံမာသီး အဆန်များဆိုသည်မှာ ချောကလက်များတွင် ပါရှိတတ်သော ဆိမ့်သည့် အရသာ ရှိသော အဆန်များ ဖြစ်သည်................


ရက်သတ္တ ၁၆ ပတ်ကျော် ကြာမြင့်ခဲ့သော အဆိုပါ သုတေသနတွင် ပါဝင် အစမ်းသပ်ခံသူများသည် တစ်နေ့တာ အစားအသောက်အားလုံး၏ ၂၀% အဖြစ် အခွံမာသီး အဆန်များအား စားသုံးခဲ့ကြသည်။ ၄င်းတို့၏ သွေးတွင်းရှိ LDL-cholesterol ခေါ် မကောင်းသော ကိုလက်စထရော အဆီဓာတ်များ သိသာစွာ ကျဆင်းသွားပြီး ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးသော အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (insulin sensitivity) ကိုပါ အထူးကောင်းမွန်စေကြောင်း သိပ္ပံနည်းကျ စမ်းသပ် အတည်ပြု နိုင်ခဲ့သည်။ ထိုသို့သော အရည်အသွေး အာနိသင်များကြောင့် အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရာ ရောက်စေသည်ဟု အမေရိကန် ကျန်းမာရေး ပညာရှင်များက ပြောပြခဲ့သည်။

ယခုတွေ့ရှိချက် ရလဒ်နှင့် ပတ်သက်၍ နာမည်ကျော် အမေရိကန် ကျန်းမာရေး မီဒီယာတစ်ခုဖြစ်သော Hive Health Media မှ "ယနေ့ခေတ်တွင် အမေရိကန် နိုင်ငံသားများထဲမှ ၁၆ သန်းသည် ဆီးချိုရောဂါ ၀င်တော့မည့် အနေအထား ရှိနေပေရာ Almond အဆန်များကို ပုံမှန် အစားအသောက်ထဲတွင် နေ့စဉ် ထည့်စားပေးခြင်းဖြင့် ဤအနေအထားကို တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ၄င်းတို့၏ ၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

လေဖြတ်ခြင်းကို အနိုင်ယူပါ




လေဖြတ်ခြင်းဟာ ဦးနှောက်ကြွက်သားတွေကိုထောက်ပံ့နေတဲ့သွေးကြော ပေါက်ခြင်း(သို့ )ပိတ်ခြင်းကြောင့်ဖြစ်ရပါတယ်။
လေဖြတ်ခြင်းရဲ့  ဆိုးကျိုးတွေနောက်ဆက်တွဲတွေကို အားလုံးသိကြမှာပါ။ လူတစ်ယောက်ဟာ ပုံမှန်မသန်စွမ်းတော့ဘဲ
အိပ်ရာပေါ်မှာနေသွားရဖို့ များပါတယ်။ အိပ်ရာပေါ်မလဲတောင် ပုံပျက်ပန်းပျက်နဲ့  အသက်ရှင်သွားရမှာပါ။ ဖြစ်ပြီးမကြာခင်မှာလဲ
အသက်ဆုံးနိုင်ပါတယ်။ ဒါကြောင့်လေဖြတ်မှန်းသိပြီး ချက်ချင်းကုနိုင်ရင်ဖို့  အောက်ပါရိုးရှင်းတဲ့  အချက်ကလေးတွေကို...............

မှတ်ထားစေချင်ပါတယ်။
ဖြစ်ရပ်တစ်ခု။
ဧည့်ခံပွဲတစ်ခုမှာ ကျွန်တော် သူငယ်ချင်းမတစ်ယောက်ဟာ ခလုတ်တိုက်ပြီး လဲကျသွားပါတယ်။
အားလုံးကဆေးရုံကားခေါ်ပေးမယ်လုပ်တော့ သူမက ဘာမှမဖြစ်ပါဘူး ၊အုတ်ခဲကိုခလုတ်တိုက်မိလို့  လဲသွားတာပါလို့ ပြောပြီး
စားစရာဆက်စားပါတယ်။ သူမကြည့်ရတာ မူပျက်နေတယ်ထင်ရပေမယ့် ဧည့်ခံပွဲပြီးတဲ့ အထိနေသွားပါတယ်။
ညကျမှ သူ့ အမျိုးသားလှမ်းဖုန်းလို့  ကျွန်တော်တို့ သိလိုက်ရတာက သူမကို ညနေ ၆ နာရီမှာဆေးရုံတင်လိုက်ရပြီး
ဘာမှမလုပ်ရသေးခင်မှာပဲ ဆုံးသွားပြီဆိုတာပါပဲ။ တကယ်ဝမ်းနည်းစရာကောင်းတဲ့  အဖြစ်ပါ။
တကယ်တော့ – သူမဟာဧည့်ခံပွဲမှာကတည်းက လေဖြတ်ခြင်းကို စတင်ခံစားခဲ့ရတာဖြစ်ပါတယ်။ ဘေးနားကလူတွေကသာ
လေဖြတ်ခြင်းရဲ့  လက္ခဏာတွေကို ခွဲခြားသိနိုင်ခဲ့ မယ်ဆိုရင် သူမဟာဒီနေ့ ထိလူ့ လောကမှာရှိနေဦးမှာ ဖြစ်ပါတယ်။
အချိန်မှီ သိနိုင်မယ်ဆိုရင်
ဦးနှောက်နဲ့  အာရုံကြော အထူးကုဆရာဝန်ကြီး တစ်ယောက်ကတော့ လေဖြတ်တယ်လို့  သိသိရခြင်း ၃ နာရီအတွင်းလူနာဟာ
ဆရာဝန်နဲ့ တွေ့ ခွင့်ရမယ်ဆိုရင် ပြန်ကောင်းနိုင်ပါတယ်လို့  ပြောပါတယ်။
လေဖြတ်တာလို့ ချက်ချင်းစမ်းသပ် အတည်ပြုနိုင်ပါမယ် ဆိုရင် -
ဖြစ်ဖြစ်ချင်း အနည်းဆုံး ၃ နာရီအတွင်းမှာ လူနာကို ဆေးကုသမှု ခံယူစေနိုင်ရင် -
အခြေအနေတွေ အများကြီးကောင်းလာနိုင်ပါတယ်
လေဖြတ်ခြင်းရဲ့  ရုတ်တရက်လက္ခဏာများ
Stroke လို့ ခေါ်တဲ့  လေဖြတ်ခြင်းဟာ ဦးနှောက်အတွင်းပိုင်း သွေးကြော တစ်ခုခုပေါက်လို့ ၊ ဒါမှမဟုတ် ပိတ်သွားလို့ 
ဦးနှောက်တစ်နေရာမှာ သွေးမရတော့ဘဲ အလုပ်မလုပ်နိုင်တဲ့  အတွက် ခန္ဒာကိုယ် ထိခိုက်သွားတာ ဖြစ်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် မတူတဲ့ အတွက် လေဖြတ်ခြင်းရဲ့ လက္ခဏာတွေက တစ်ခါတစ်လေမှာ ခွဲခြားရခက်ပါတယ်။
ကံဆိုးချင်လို့ ဘေးလူတွေက မသိ နားမလည်ရင်တော့- အခြေအနေတွေ ဆိုးလာနိုင်တာပေါ့။
လေဖြတ်ခြင်းခံနေရတယ် ဆိုတာ ဘယ်လို သိနိုင်ပါသလဲ။
အရင်ဆုံး လူနာကို
(S=Smile) လူနာကိုပြုံးခိုင်းပါ။ (ပုံမှန်ပြုံးသလိုဖြစ်ရဲ့ လား၊ရွဲ့ နေစောင်းနေလားကြည့်ပါ)
(T=Talk) စကားပြောခိုင်းပါ။ လူနာကို လျှာထုတ်ခိုင်းပါ။ (လျှာဟာ လိမ်ခေါက်ပုံပျက်ပြီး တစ်ဖက်ဖက်ကို
စောင်းနေမယ်ဆိုရင်တော့ လေဖြတ်တာ သေချာပါတယ်။)
(R=Raise both arms) လက်နှစ်ဖက်မြှောက်ခိုင်းပါ။
ဒီလို STR ဒါတွေအကုန် ချောချောမွေ့ မွေ့ လုပ်နိုင်တယ်ဆိုရင်တော့ – လေဖြတ်ခြင်းမခံရဘူးပေါ့။
တစ်ခုခုကို မလုပ်နိုင်ခဲ့ ဘူးဆိုရင်တော့ (E=Emergency) အရေးပေါ်ဖြစ်လို့  ဆေးရုံတင်မှရပါမယ်။

ဘယ်သူရေးထားတယ်ဆိုတာကို မသိပါဘူး။ မေးလ်ထဲကို ပို့လာတာလေးကို သူငယ်ချင်းတို့လည်း ဗဟုသုတအဖြစ်သိရအောင် မျှဝေးလိုက်ခြင်းသာဖြစ်ပါတယ်။