Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, November 2, 2012

သူ (ကဗျာ)


Preview


ရေးသားသူ>>>ဟိန်းလေးသူ


''သူ''
 
 
တနေ့တရက်လဲ မေ့ဖို့ခက်တယ်
တစ်မိနစ် တစ်စက္ကန့်လဲ သူ ကရှိတယ်
ရက်ကလပြောင်းနှစ်တွေဟောင်းလဲ
ရင်တွင်းအောင်းနေတာက သူ
အတွေးတွေကို ဆေးရောင်ခြယ်တာလဲ သူ
ကဗျာတွေကို ကာရန်ပေးတာလဲ သူ
သံယောဇဉ်ကြိုးတွေနဲ့

  တေးသွားတစ်ပုဒ်တီးခတ်တာလဲ သူ
နံနက်ခင်းရဲ့ ကော်ဖီတစ်ခွက်ကလဲ သူ
အေးရိပ်မှာ ချွေးသိပ့်စေတာလဲ သူ
ညနေခင်းဆည်းဆာကိုအလှဆင်တာလဲ သူ
ညမှောင်မှောင်မှာ အလင်းဆောင်တာလဲ သူ
ကြယ်စင်တွေရေတွက်ဖော်လဲ သူ
အိပ်မက်ကို အသက်သွင်းသူလဲ သူ
နိုးထတဲ့နံနက်တိုင်း သူ့ အနမ်းနဲ့ နိုးထချင်တယ်
သူ့အပြုံးနဲ့ မျက်နှာသစ်ချင်တယ်
ရူးသွပ်တယ်ပဲပြောပြော
သံသရာအဆက်ဆက်တော့
ဘယ်လောက်ပဲ ခက်ခဲပါစေ
ဝိညဉ်တောင်ရောင်းပြီး
သူ့ကို
ချစ်ဖို့ကျွန်မရှင်သန်မယ့်သူပါ ။
 
ဟိန်းလေးသူ

အချစ်ကဗျာမျာရဲ့...... အလွမ်းဒိုင်ယာရီ


Preview


''ဟိန်းလေးသူ၏ လက်ရာ''


''အချစ်ကဗျာရဲ့ အလွမ်းဒိုင်ယာရီ''
 
   နှလုံးသားရင်ထဲ ........... ယိုဖိတ်စီးခဲ့ 

ခံစားချက်မဲ့  ......  ဘောပင်တချောင်းနဲ့ 

ဖွဲ့ နွဲ့ စာစီ ............. .....အလီလီချစ်ပန်း

စာရွက်တစ်ရွက် .........  အလွမ်းတသက်

ကြာရှည်ကာလ .............. ဆယ်ဘဝမက

ခံစားချက်များ .................... စာစီရေးသား

ဒိုင်ယာရီလား ........ကဗျာလား

ဟိန်းလေးသူ

Thursday, November 1, 2012

မျှော်လင့်ခြင်း အဖြူရောင် နှလုံးသား


 
 


''မျှော်လင့်ခြင်း အဖြူရောင် နှလုံးသား''

 
     ငါ့ရဲ့နောက်ဆုံးစာမျက်နှာ...........စွဲလမ်းမှုကဘဝတသက်တာ

ချစ်လာခဲ့ရင်အရမ်းပျော်မှာ......မျှော်လင့်ချက်ကဟိုအဝေးမှာ

လွတ်လပ်စွာနဲ့ငါချစ်လို့.....အတားအဆီးများကဟိုးအဝေးကို

ပွင့်လင်းရိုးသားငါ့အချစ်က...ခဏတာလေးမှမဟုတ်တာကွာ

ဖြူစင်ပါတယ်အရောင်မဆိုးခဲ့......ငါ့ရဲ့အချစ်ကပကာသနမဲ့

မင်းအထင်ကြီးတဲ့ဂုဏ်တွေကို......ငါမပေးနိုင်တော့လွမ်းရပေါ့

ချစ်သူဆီကအချစ်များကို.........ရိုးသားမှုနဲ့ရယူမလို့တာမို့

ငါ့ရဲ့အချစ်ကတသက်တာမို့........အရမ်းချစ်တယ်သူဇာရယ်



ဟိန်းလေးသူ