Friday, November 2, 2012

အချစ်ကဗျာမျာရဲ့...... အလွမ်းဒိုင်ယာရီ


Preview


''ဟိန်းလေးသူ၏ လက်ရာ''


''အချစ်ကဗျာရဲ့ အလွမ်းဒိုင်ယာရီ''
 
   နှလုံးသားရင်ထဲ ........... ယိုဖိတ်စီးခဲ

ခံစားချက်မဲ့  ......  ဘောပင်တချောင်းနဲ့ 

ဖွဲ့ နွဲ့ စာစီ ............. .....အလီလီချစ်ပန်း

စာရွက်တစ်ရွက် .........  အလွမ်းတသက်

ကြာရှည်ကာလ .............. ဆယ်ဘဝမက

ခံစားချက်များ .................... စာစီရေးသား

ဒိုင်ယာရီလား ........ကဗျာလား

ဟိန်းလေးသူ

Thursday, November 1, 2012

မျှော်လင့်ခြင်း အဖြူရောင် နှလုံးသား


 
 


''မျှော်လင့်ခြင်း အဖြူရောင် နှလုံးသား''

 
     ငါ့ရဲ့နောက်ဆုံးစာမျက်နှာ...........စွဲလမ်းမှုကဘဝတသက်တာ

ချစ်လာခဲ့ရင်အရမ်းပျော်မှာ......မျှော်လင့်ချက်ကဟိုအဝေးမှာ

လွတ်လပ်စွာနဲ့ငါချစ်လို့.....အတားအဆီးများကဟိုးအဝေးကို

ပွင့်လင်းရိုးသားငါ့အချစ်က...ခဏတာလေးမှမဟုတ်တာကွာ

ဖြူစင်ပါတယ်အရောင်မဆိုးခဲ့......ငါ့ရဲ့အချစ်ကပကာသနမဲ့

မင်းအထင်ကြီးတဲ့ဂုဏ်တွေကို......ငါမပေးနိုင်တော့လွမ်းရပေါ့

ချစ်သူဆီကအချစ်များကို.........ရိုးသားမှုနဲ့ရယူမလို့တာမို့

ငါ့ရဲ့အချစ်ကတသက်တာမို့........အရမ်းချစ်တယ်သူဇာရယ်



ဟိန်းလေးသူ
 

မုန်လာဥနီ၏ ကျန်းမာရေး အကျိုးပြုပုံ


 
မုန်လာဥနီရဲ့ ကျန်းမာရေး အကျိုးပြုပုံကို စာဖတ်သူ အများစု သိရှိမယ်ထင်ပါတယ်။

၁၀၀ မီလီ ဂရမ် မုန်လာဥနီ တစ်တောင့် မှာ ပါဝင်တဲ့ ဓာတ်များကတော့

Vitamin A --93%
Vitamin C --12%
Vitamin D
Vitamin E
Vitamin K
9.4 mcg
Thiamin --3%
Riboflavin --3%
Niacin --8%
Vitamin B6 --8%
Folate--5% အစရှိသဖြင့်တို့ ဖြစ်ပါတယ်။

မုန်လာဥနီ ဖျော်ရည် ပုံမှန်သောက်သုံးခြင်း ဖြင့် အအေးမိ၊ ကြက်ငှက်တို့မှ ကူးဆက်ရောဂါ၊ အခြား ကူးဆက်ရောဂါ၊ ပိုးမွားဘက်တီးရီးယားတို့ကို ကူးဆက် မရောက်ရှိ လာအောင် ကိုယ်ခံအား ဖြည့်ဆည်း ကာကွယ်ပေးမှာ ဖြစ်ပါ တယ်။ မုန်လာဥနီမှာ ပါဝင်တဲ့ ဗီတာမင် A, C နဲ့ စီလီကွန် ဓာတ်များဟာ အမြင် အာရုံကြောကို ပိုမို အားဖြည့်ပေးပြီး မျက်စိအားကောင်းလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

စပျစ်သီး၏ ကျန်းမာရေး အကျိုးပြုပုံ

 

စပျက်သီး က ပန်းနာ၊ နှလုံးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ အစာမကြေ၊ ပင်ပန်း၊ ကျောက်ကပ်နာ၊ ကင်ဆာ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝမ်းနှင့် ပက်သက်သော ရောဂါ တို့ကို ပျောက်ကင်းစေပါတယ်။

ပြီးတော့ စပျစ်သီးဟာ သဘာဝဖြေဆေး တစ်မျိုးလည်း ဖြစ်တယ် လို့ ဆေး ပညာ ရှင်များက ဆိုထားပါတယ်။

 
ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

ဆံပင်အတွက် ကြက်သွန်နီ

 
ကြက်သွန်နီကို ဆံပင်အရှည်မြန်ရန် နှင့် နက်မောင် သန်စွမ်းစေရန် အသုံးပြုနိုင်သည်။

ကြက်သွန်နီကို အပိုင်းပိုင်းလှီးပြီး ခေါင်းလျှော်ရေထဲကို စိမ်ထားရမည်။ 15 ရက်ကြာပါက ယင်းခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်နိုင်မည် ဖြစ်သည်။ အနောက်တိုင်းတွင် ဆံပင်အရှည်မြန်ရန်နှင့် နက်မောင် သန်စွမ်းရန် ယင်း သဘာဝ နည်းလမ်းကို အသုံးပြုသူများ ရှိကြောင်း သိရသည်။


ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

ဂေါ်ဖီထုပ် (မုန်လာထုပ်) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

 
ဂေါ်ဖီထုပ် (မုန်လာထုပ်) (Cabbage) မှ ရတဲ့ ကျန်းမာရေးအကျိုးကျေးဇူး များစွာ ရှိပါတယ်။
- ခန္ဓာကိုယ်တွင်း နေရာအများစုက အညစ်အကြေးတွေကို သန့်ရှင်း ပေးပါ တယ်။ ကိုယ်တွင်း ဗိုင်းရက်တွေကို နှိမ်နှင်းပေး တဲ့ ပိုးသတ်ဆေး တစ်မျိုး လည်း ဖြစ်ပါတယ်။

- ဝမ်းပုံမှန် မသွားသူများ စားသုံးသင့်ပြီး သွေးဖိအားများသူ များလည်း မှီဝဲသင့်တဲ့ ဟင်းအမယ်တစ်မျိုး ဖြစ်ပါတယ်။

- အဆီချ ပရိုဂရမ်မှာ ထည့်သွင်း စားသုံးသင့်တဲ့ အရွက် ဖြစ်ပါ တယ်။ ဂေါ်ဖီထုတ်က အဆီကျပြီး ပိန်စေတယ်လို့ ဆိုပါတယ်။

- ပန်းနာ၊ ရင်ကြပ်၊ ချောင်းဆိုး၊ အအေးမိ၊ တုပ်ကွေး အစရှိတဲ့ အသက်ရှု လမ်းကြောင်းနဲ့ ပက်သက်တဲ့ ရောဂါအားလုံးကိုလည်း ပျောက်ကင်းစေ ပါတယ်။

- ချွေးထွက်များပြီး ရောဂါခဏခဏဖြစ်နေသူများလည်း ဂေါ်ဖီထုပ် မှီဝဲ သင့်ပါတယ်။

- ဗိုက်တာမင် A, B, C, E အစရှိတဲ့ ဓာတ်များ ပါဝင်ပါတယ်။

- ကယ်လ်ဆီယံ၊ ကလိုရင်း၊ အိုင်အိုဒင်း၊ အိုင်းရွန်း၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရက်စ်၊ ပိုတက်ဆီယမ်၊ ဆာလဖာ အစရှိတဲ့ သံဓာတ်/ Minerals များလည်း ပါဝင်တဲ့အတွက် ဂေါ်ဖီထုတ်/မုန်လာထုပ် ဟာ ပုံမှန် မှီဝဲ စားသုံးသင့်တဲ့ အစားအစာ ဖြစ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်း ထားပါတယ်။

ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း

သစ်သီးဝလံတို့၏ အစေ့ကို စားသင့်မစားသင်



 

သစ်သီးဝလံအချို့ ရဲ့ အစေ့ကို စားလို့ရတယ်လို့ ထင်နေသူများ ရှိနေပါတယ်။ ပြီးတော့ ယင်းအစေ့ဟာ ကျန်းမာရေးအတွက် အထောက်အကူ ပြုတယ်။ ဝမ်းနဲ့ ပက်သက်တဲ့ ရောဂါ ပျောက်တယ်၊ မျက်စိ အားတိုးတယ်လို့ ထင်သူများလည်း ရှိနေပါတယ်။ အမှန်တော့ ယင်းအစေ့များကို မစားသင့်ပါဘူး။ (သာမန်- အပြင်အသားစားရသော သစ်သီးဝလံများကို ဆိုလိုသည်၊ အစေ့စားရသော မြေပဲ၊ ပဲသီး တို့ကဲ့သို့ အသီးများကို မဆိုလိုပါ။)

ဆေးပညာရှင်များ ရှာဖွေတွေ့ရှိထားချက် ဖြစ်ပါတယ်။ အထူးသဖြင့် သရက်သီး၊ ပန်းသီး၊ ဇီးသီး၊ မက်မုံသီး၊ သလဲသီး၊ ချယ်ရီသီးတို့ရဲ့  အစေ့ များ ဖြစ်ပါတယ်။ အကြောင်းကတော့ ယင်း အသီးတွေရဲ့ အစေ့တွေ ထဲမှာ ဆိုင်ယာနိုက်လို့ ခေါ်တဲ့ အဆိပ်တစ်မျိုး ရှိနေလို့ ဖြစ်ပါတယ်။ ယင်းအဆိပ်က သကြားဓာတ်ပါတဲ့ အသီး အတော်များများမှာ ရှိနေတတ် ပါတယ်။

ဆိုင်ယာနိုက်အမည်ရအဆိပ်ဆိုတာ ဓာတုဗေဒအခေါ်အရ ပရပ်စစ် အက်ဆစ် (HCN) ဖြစ်ပါတယ်။ ဂျပိုးသတ်ဆေး၊ ခြင်ယင်တားဆေး နှင့် အခြား ဘက်တီးရီးယား နှိပ်နှင်ရေးဆေးတို့မှာ ပါဝင်ပါတယ်။ ရွှေကိုလည်း အရည်ပျော်စေနိုင်ပြီး ရွှေသန့်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။ အခြားသော သတ္တုတွင်းထွက်လုပ်ငန်းတွေမှာလည်း အသုံးပြုပါတယ်။ ဓာတ်ခွဲခန်းမှ ထုတ်ယူရတဲ့ ဓာတုဆေးဖြစ်ပါတယ်။

သဘာဝအလျောက်လည်း ရှိတတ်ပါတယ်။ သစ်သီးဝလံ၊ မှိုပင်အချို့ တွေမှာ ရှိနေတတ်ပါတယ်။ သကြားဓာတ် (Sugar) မှာ မော်လီကျူးအနေနဲ့ ဓာတ်ဖွဲ့ နေတတ်ပါတယ်။ ဒါကြောင့် သစ်သီးတွေရဲ့ အစေ့တွေထဲမှာ ရှိနေရခြင်း ဖြစ်ပါတယ်။

ကလေးငယ်များ ဇီးသီးအချဉ်၊ သရက်သီး၊ ပန်းသီး၊ မက်မုံသီး အစရှိသဖြင့်တို့ စားသုံးရာမှာ အစေ့မစားမိစေဖို့ အထူးသတိပေးထားရန် လိုအပ်ပါတယ်။ ယင်းအစေ့များဟာ ပါဝင်တဲ့အချိုးအစား အလိုက် လူကို အန္တရာယ်ပြုတတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်
 
ပြန်လည်ကောက်နှုတ်ဖော်ပြခြင်း