Thursday, September 27, 2012

မောက်မောက်လေးသိပ်ချစ်ရသောသူငယ်ချင်းလေးရဲ့မွေးနေ့အထိမ်းအမှတ်

မောက်မောက်လေးရဲ့ သူငယ်ချင်းအားလုံးကို မင်္ဂလာပါလို့
ဦးစွာပထမနှုတ်ခွန်းဆက်သပါတယ်ဗျာ
ဒီနေ့တော့ ကျွန်တော်သိပ်ချစ်ရသော သူငယ်ချင်းရဲ့
မွေးနေ့အကြိုအဖြစ်
ရုဏ်ပြုတဲ့အနေနဲ့ ကျွန်တော်ဒီပိုစ့်လေးကိုရေးဖြစ်သွားတာပါ
ကျွန်တော်သူငယ်ချင်းတွေအားလုံး
ဒီလာမယ် စက်တင်ဘာလ(30)ရက်နေ့မှာကျရောက်မယ်
မောက်မောက်လေးသိပ်ချစ်ရသောသူငယ်ချင်းရဲ့
မွေးနေ့မှာ Happy Birthday ဖြစ်ပါစေလို့
ဆုတောင်းပေးရင်ကျေနပ်ပါပြီးဗျာ
အားလုံးကိုကျေးဇူးတင်ပါတယ် မောက်မောက်လေး

Preview
အပေါ်ကပန်းစည်းလေးက ခခလေး အတွက်ပါ
ခခလေးတစ်ယောက်မွေးနေ့မှာ ထာဝရပျော်ရွှင်ပါစေလို့
ကျွန်တော်မောက်မောက်လေးက ဆုတောင်းပေးလိုက်ပါတယ်နော်
ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ရပြီးတော့
ဘဝတစ်လျှောက်လုံး အမြဲတမ်း စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့
လျှောက်လှမ်းနိုင်ပါစေလို့
အမြဲတမ်း ဆုတောင်းပေးနေမှာပါ

Preview
Happy Birthday ပါ ခခလေး
ပျော်ရွှင်သော နေ့ဖြစ်ပါစေနော် တစ်နှစ်မှာ တစ်ခါကျရောက်တဲ့
မွေးနေ့မှာ ထာဝရပျော်ရွှင်ပါစေနော်
စိတ်မချမ်းသာမှုအားလုံး ဒီမွေးနေ့
သင်ပုန်းချေလိုက်ပါ ခခလေးရာ
ပျော်ရွှင်ရသော နေ့တိုင်းကို ပိုင်ဆိုင်နိုင်ပါစေ
မောက်မောက်လေး

့
့
 
Sunday, September 16, 2012

Hard Disk ကြည့် နည်း

Preview
ပုံတွင်ပြထားသည့်အတိုင်း Start ခလုတ်ကိုနှိပ်ပြီးတော့
ဝိုင်းပြထားသည့်နေမှာ Run ဆိုတဲ့ စာသားကို
နှိပ်လိုက်ရင်အောက်ကပုံအတိုင်း
ပေါ်လာမည်ဖြစ်ပါတယ်
 
Preview
Run Box လေးပေါ်လာပြီးဆိုရင် အပြာရောင်နဲ့
ဝိုင်းပြထားသည့်နေရာမှာ
diskmgmt.msc ဆိုတဲ့စာသားကို
ရိုက်ထည့်ပြီးရင်
Ok ပေးလိုက်ပါဗျာ ဒါဆို
အောက်ကပုံအတိုင်းပေါ်လာမယ်ဖြစ်ပါတယ်
Preview
ပုံတွင်ပြထားသည့်အတိုင်း လေးထောင့်ကွက်နဲ့
ပြထားသည့်ဟာက Hard Disk စုစုပေါင်းဖြစ်ပါတယ်
အောက်မှာပြထားတဲ့ဟာက Hard Disk (C) နဲ့ (D) ဖြစ်ပါတယ်
အကုန်လုံးစုစုပေါင်း ၃၀၀ နီးပါးရှိပါတယ်
အားလုံးအဆင်ပြေပါစေနော်

Saturday, September 15, 2012

ကွန်ပျူတာမြင်ကွင်းပေါ်ရှိ Icons ပုံများကို အရွယ်အစားပြောင်းလဲခြင်း

Preview
ပုံတွင်ပြထားသည့်အတိုင်း ကွန်ပျူတာ မြင်ကွင်းပေါ်ရှိ
လွှတ်နေတယ်နေရာကို Mouse နဲ့ Right Click
နှိပ်လိုက်ပါဗျာ
ပြီးရင် View ကို Mouse ဖြင့် ထောက်လိုက်ရင်
ပုံတွင်ပြထားသည့်အတိုင်း
Large icons ကအကြီးဖြစ်ပါတယ်
Medium icons ကအလတ်ဖြစ်ပါတယ်
Small icons ကအငယ်ဖြစ်ပါတယ်ဗျာ
မိမိစိတ်ကြိုက်
ကွန်ပျူတာမြင်ကွင်းပေါ်ရှိ Icons များ
ပြောင်းလဲနိုင်ပါတယ်ဗျာ.....
အခုမှ ကွန်ပျူတာ စကိုင်တဲ့သူအတွက်ရွယ်ရည်ပါဗျာ....

Friday, September 14, 2012

မြန်မာ Design Font များ

Preview
မင်္ဂလာပါဗျာ ဒီနေ့တော့ အထူးအဆန်းလေးပါ ဘယ်လဲဆိုတော့ မြန်မာ Design Font ပါ
ကြိုက်ကြမယ်လို့ ထင်ပါတယ် မြန်မာစာလုံးတွေကို ပုံစံအမျိုးမျိုး ဒီဇိုင်းမျိုးမျိုး ရေးလို့ရပါတယ်
သူငယ်ချင်းတို့ရဲ့ ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်လည်း ဒေါင်းထားသင့်ပါတယ်
အခုတင်ထားပေးတဲ့ Design Font တွေကလည်း သူငယ်ချင်းတို့ တွေ့နေသည့်အတိုင်း
မဂ္ဂဇင်းတို့ ဂျာနယ်တို့နှင့် သတင်းစာတွေမှာ အသုံးများပါတယ် မြန်မာ Design Font က ကွန်ပျူတာ
တိုင်းမှာ မရှိမဖြစ် လိုအပ်မယ်လို့ထင်ပါတယ်
လိုချင်သူငယ်ချင်းတွေ အောက်မှာ Download 4 ခုနဲ့တင်ထားပေးပါ
အဆင်ပြေတဲ့ဟာနဲ့ဒေါင်းလိုက်ပါဗျာ
ဒေါင်းပြီးရင် Font ကို ဘယ်လို့ Install လုပ်ရမယ်ဆိုတာကို
အောက်မှာ ပုံနဲ့တကွ ရှင်းထားပါဗျာ.....

       download>>> mediafire.com (or) ziddu.com (or) Files.com (or) minus.com 

                            ဒေါင်းပြီးရင် WinRAR -ဖိုင်နဲ့ပါ အဲ့တော့ WinRAR-ဖိုင် အထုတ်ကို
                                         ဖွင့်လိုက်ပါ ပြီးရင်အောက်က ပုံအတိုင်း
                                              လုပ်ဆောင်လိုက်ပါဗျာ......

Preview
ပုံမှာ ပြထားသည့် ဖိုင်ကို နှစ်ချက်ဆက်တိုက်နှိပ်လိုက်ရင်
အောက်ကပုံအတိုင်းပေါ်လာမယ်ဖြစ်ပါတယ်
 
Preview
ပုံမှာ ပြထားသည့်အတိုင်း Install နေရာကို
နှစ်ချက်ဆက်တိုက်နှိပ်လိုက်ရင်
မိမိစက်ထဲရောက်သွားပါပြီး ရောက်သွားတဲ့ခါကြရင်
မိမိစက်ထဲ ဝင်လား မဝင်လား
သေချုာချင်ရင်
PhtoShop တို့ Microsoft Office
တို့မှာကြည့်နိုင်ပါဗျာ
                            လေးစားလျှက်မောက်မောက်လေး